လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Thursday, September 22, 2011

ကျွန်မ ဒီနေ့အရမ်းပျော်သည်…

ကျွန်မ ချစ်ရတဲ့ အကိုက ဖုန်းဆက်တဲ့ချိန် ဒီနေ့အရမ်းပျော်တယ်ပြောတော့ အံသြတကြီးနဲ့ ဘာဖြစ်ရပြန်တာလဲတဲ့… ကျွန်မ အလုပ်ထဲမှာ မပျော်တိုင်း စိတ်ညစ်တိုင်း သူ့ကိုပဲ နားပူနေကြဆိုတော့ ဒီနေ့ ကျွန်မပြောတဲ့ ပျော်တယ်ဆိုတဲ့ စကားကို မယုံတာလဲ ပါမှာပေါ့… ဘာလို့ပျော်တာလဲလို့ ကျွန်မ ကို မေးခွန်းပြန်မေးပါတော့တယ်… ရုတ်တရက် မမျှော်လင့်တဲ့ မေးခွန်းကို မေးလိုက်တော့ ဘာဖြေရမှန်းမသိ ဖြစ်သွားတယ်… အကိုဖုန်းခေါ်လို့ ပျော်တာပေါ့လို့ပဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေမိတယ်... တကယ်တော့ အိမ်ပြန်ရဖို့ ရက်တွေ နီးလာလို့ ပျော်တာပါ…



ပြီးတော့ အချစ်ရဆုံး သူငယ်ချင်းလေးက အိမ်ကိုလာလည်တယ်လေ… သူရောက်တော့ ဟင်းတွေ ဘာတွေချက်ပြုပ်စားသောက် ရယ်စရာတွေပြောလိုက်နဲ့ စိတ်ညစ်တာတွေတောင် ဘယ်ရောက်ကုန်လဲ မသိတော့ဘူးး… ပိုပြီးချစ်ဖို့ကောင်းတာက ကျွန်မ အရမ်းကြိုက်တတ်တဲ့ ပုဇွန်ကို တစ်လစာလောက် ၀ယ်လာလိုက်သေးတယ်…. အရင်ကဆိုရင် ကျွန်မဆီ လာလည်တိုင်း မရောက်ခင်ကတည်းက ပြန်ဖို့ရာ ပြင်ဆင်တတ်တဲ့ သူကလေ ဒီတစ်ခါ အေးဆေးပဲဆိုတော့ ရေချိုးပြီးမှပဲ လိုက်ပို့ပေးဖြစ်တယ်.. သနပ်ခါး ပါးကွက်ကြား အဖွေးသားနဲ့ သူပြန်တာကို လိုက်ပို့ပေးတော့ သူကပြောတယ် “ငါသာဆိုရင် သနပ်ခါး ပါးကွက်ကြားနဲ့ အပြင်မထွက်ရဲဘူးတဲ့” ဒါပေမယ့် သူကလေ လမ်းပေါ်မှာ ခွက်ထိုးခွက်လန် ရယ်ဖို့ကျတော့ မရှက်တတ်တော့ပြန်ဘူး…



ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် ရယ်စရာတွေပြောပြီး လွတ်လွတ်လပ်လပ် ရယ်နေကြတာ စိတ်ညစ်စရာတွေကိုတောင် မေ့လို့ပေါ့… အလုပ်ထဲမှာ စိတ်ဖိစီးမှုတွေနဲ့ ပိနေတဲ့ကျွန်မ တစ်ယောက် ဒီလိုကြပြန်တော့လည်း စင်္ကာပူကြီးက နေပျော်စရာ ကောင်းသားလို့ တွေးနေမိတယ်….

Thursday, September 8, 2011

သင့်ကိုယ်သင် မြှင့်တင်ပါ

ခင်ဗျားဟာ ဖုန်းအသစ်လဲရာမှာ ခြေအိတ်အသစ်လဲတာထက် အကြိမ်တွေ များချင်များမယ်။ ပြီးတော့ ကွန်ပျူတာကိုလည်း တနှစ်တခါလောက် အဆင့်မြှင့်ချင်မြှင့်မယ်။ အဝတ်ဗီရိုကိုလည်း ရာသီအလိုက် အမျိုးမျိုးပြင်မယ်။ ဒါ့အပြင် ခင်ဗျားစီးနေတဲ့ ကားကိုလည်း ပိုကောင်းမယ်ထင်တဲ့ကားနဲ့ အလိုက်ပေးပြီး ၄-၅ နှစ် တခါလောက် လဲချင်လဲလိုက်ဦးမယ်။ ဒါပေမဲ့ မေးချင်ပါတယ်။ ခင်ဗျားကိုယ် ခင်ဗျားတော့ ယိုယွင်းကျဆင်းလာနေတာတွေကို ပြန်တက်လာအောင် ဆိုပြီး ဘယ်တုန်းကများ လုပ်ခဲ့ဖူးပါသလဲ။

အဲဒီလို ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းမှ ခြေဖျားအထိ ဒီနှစ်မှာတော့ ပိုပြီး ကျန်းမာအောင် ချမ်းသာအောင်နဲ့ ပညာဉာဏ်တွေ တက်လာအောင် လုပ်ချင်ရင်လုပ်နိုင်စေမယ့် နည်းလမ်းကလေးတွေကို ဖတ်ကြည့်ပါ။ လုပ်လည်းလုပ်ကြည့်ပါ။

အသက်ပိုရှည်စေဖို့---
ကမ္ဘာတဝန်းမှာ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၆၇-နှစ်သာ ရှိပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အသက်တွေ ပိုပြီး ရှည်ရှည်နေနိုင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ အသက် ၁၅၀-ရောက်တဲ့အထိ ယိုင်ယဲ့ယဲ့နဲ့ မေ့မေ့လျော့လျော့တွေ မဖြစ်ဘဲ နေနိုင်ကြမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒါဟာ နိုးနိုးကြားကြားနဲ့ သွက်သွက်လက်လက် လှုပ်ရှားပြီး နေနိုင်ကြမှာပါ။ ဒီသဘောကို “အသက်ကြီးရင့်မှုဆိုင်ရာ အဖွဲ့ကြီး”ရဲ့ သုတေသနပညာရှင်ဖြစ်သူ ဂျော့(ခ်ျ)၊ အက်စရော့(သ်) (George S. Roth)က ပြောပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာချမ်းသာစွာနဲ့ ပိုပြီး အသက်ရှည်ရှည်
နေသွားနိုင်စေမယ့် နည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။



Show/Hide

Tuesday, July 5, 2011

ကျွန်မ ဘ၀ အလွဲများ





ကျွန်မ ခရီးသွားရခြင်းကို အရမ်းနှစ်သက်ပါတယ်…. ကျောင်းတက်ကတည်းက သူငယ်တွေနဲ့ အမြဲလိုလို အပြင်သွားဖြစ်ကြတယ်…. အဲလို သွားကြတိုင်းလဲ အမြဲတမ်းလိုလို လွဲတတ်ကြပါတယ်…
ခုလည်း တစ်ယောက်ထဲခရီးသွားဖို့ မလွဲအောင်သေချာပြင်ဆင်ထားတာတောင်မှ လွဲဖြစ်အောင် ထပ်ပြီးလွဲသေးတယ်… သူငယ်ချင်းတွေနဲ့ မလွဲရရင် တစ်ယောက်တည်းကို လွဲနေတော့တာ…

မလေးကို အလည်သွားမယ်ဆိုပြီး တလလောက် ကြိုတင်သေချာပြင်ဆင်ထားတာ… ရထားနဲ့သွားမယ်ဆိုပြီး လက်မှတ်ကို ကြိုတင်ဖြတ်ပေမယ့်မရတော့ဘူး… သူငယ်ချင်းကို ဖြတ်ခိုင်းထားတာဆိုတော့ မရဘူးဆိုတာကိုလည်း သွားမယ့်နေ့မှ သေချာသိရတယ်လေ အဲဒီမှာအလုပ်ရှုပ်တော့တာပဲ… မလေးက အလည်ပြန်လာခါစ သူငယ်ချင်းကိုပဲ အနှောင့်အယှက်ပေးရတော့တယ်… သူက ကူညီပြီး စုံစမ်းပေးလို့သာ KL သွားဖြစ်တာ…
လက်မှတ်က လက်ထဲမှာ မရှိသေးပေမယ့် ဟိုမှာရှိတဲ့ မောင်လေးတွေကို အကြိုခိုင်းထားပြီးပြီလေ… မသွားဖြစ်လို့ မရတော့ဘူးပေါ့… ရောက်ဖူးချင်တာက တစ်ကြောင်း မောင်လေးတွေနဲ့ တွေ့ချင်တာက တစ်ကြောင်းကြောင့် မဖြစ်မနေ လက်မှတ်ကို ရအောင် ၀ယ်ရတော့တာပေါ့… အလုပ်ထဲမှာဆိုတော့ နေ့ခင်း ထမင်းစားချိန်မှာဘဲ Taxi နဲ့သွားဝယ်တာ မလေးသွားဖို့ ကားလက်မှတ်ထက် Taxi ကားခက ပိုဈေးကြီးသွားတယ်… လက်မှတ်ဝယ်ရတာ ခက်တယ်ဆိုတော့ အသွားအပြန်တခါတည်းပဲ ၀ယ်ခဲ့လိုက်တယ်

ဒီလိုနဲ့ အလုပ်ကပြန်လာတော့ ကားဂိတ်သွားဖို့ အဖေါ်မရှိတာနဲ့ ခင်တဲ့အကိုကြီးတစ်ယောက်ကို ချောဆွဲသွားလိုက်တာပေါ့… ဒီလို တစ်ယောက်ထဲ ပထမဆုံးခရီးထွက်ရတာရယ် ကိုယ်နဲ့ မရင်းနှီးတဲ့ဒေသအစိမ်းကိုသွားရတာဆိုတော့ တော်တော်ရင်ခုန်တယ် စိတ်လဲလှုပ်ရှားမိတယ်… အချစ်ဆုံးသူငယ်ချင်းလေးကလည်း စိတ်မချနိုင်ဘူး.. ကားပေါ်မတက်မချင်း ဂရုစိုက်ဖို့ အတန်တန်မှာနေတော့တာပဲ… ဟိုရောက်လို့ လိုအပ်ရင် အကူအညီတောင်းလို့ရအောင်ဆိုပြီး သူ့သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ပေးလိုက်သေးတယ်…



Show/Hide

Tuesday, May 17, 2011

သူရဲကောင်းရွေးခြယ်ပွဲ

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “

ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီးလည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။ ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။

သရဲ ထင်လို့ပါ

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက်သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီးကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟု အော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့် ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“
အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

( ဆရာကြီး၏ နောက်ဆုံးဆေးလုံး )

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။
( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ် နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေလေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။

“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။

Monday, May 9, 2011

**ချစ်သော အမေ***




စမ်းရည်ပမာ အမေ့မေတ္တာတဲ့
တွေးတာနဲ့တင် သမီး..အတွက် အေးမြတယ် ... အမေ

ဒုတိယကမ္ဘာစစ်အတွင်းနဲ့  အသွင်ကူးပြောင်းရေးကာလမှာ
ကြီးပြင်းလာခဲ့ရတဲ့ အမေ့ရဲ့ငယ်စဉ်ဘဝ
ပန်းခင်းလမ်းတော့ မဖြစ်နိုင်လောက်ပါဘူး ... အမေ

လင်ဆိုးမယား တဖားဖားဆိုတဲ့စကားနဲ့  ဆန့်ကျင်စွာ
လှလှပပအနားသတ် သေသပ်လာခဲ့တဲ့ ... အမေ

မညီတဲ့ထမ်းဘိုး ခက်ခဲစွာထမ်းရင်း သားသမီးတွေကို
ဘုရားသိဘို့ တရားလမ်းထဲ အရောက်ပို့ပေးခဲ့ တဲ့ ... အမေ

မြေနိမ့်ရာ လှံစိုက်တတ်တဲ့ လူ့သဘောနဲ့ဝန်းကျင်တောမှာ
တည်ငြိမ်စွာ အပြစ်မမြင် အပြုံးမပျက်ခဲ့တဲ့ ... အမေ

အမေ့ဆီက ဆုံးမသွန်သင်မှုက နှိမ့်ချခြင်း ...
သည်းခံခြင်းနဲ့ ချစ်ခြင်း ...
အမေ့ဆီမှာ ဘယ်တော့မှ မကြားမတွေ့ခဲ့ဘူးတာ
ညည်းတွားသံနဲ့ မျက်ရည်တွေပါ ... အမေ

အမေပေးတဲ့ အမေ့ရဲ့သွေး အမေ့ရဲ့နှလုံးသားနဲ့
အမေ့ရဲ့ဘဝသင်ခန်းစာတွေအတွက်
ကျေးဇူးတင်တယ်ဆိုတဲ့စကားနဲ့ 
မလုံလောက်မှန်းသိပေမယ့်
“ကျေးဇူးအများကြီးပါဘဲ” ... အမေ


ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
သမီး…ကေသ်ီပေါ့...အမေ...

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
သမီး...မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။


အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ.. ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...

ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။


အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
သမီး...ရှက်တယ်.......။

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
သမီး မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
သမီးလမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။


အဝေးရောက်နေတဲ့....
သမီးတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သမီး... လျှောက်နိုင်ပါတယ်.....။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
သမီးလေ....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။

အမေ ကျန်းမာပျော်ရွင်ပါစေလို့
အဝေးကနေသမီး ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ် ... အမေ




Show/Hide

Wednesday, April 20, 2011

" လွတ်ချထားလိုက်ပါ"

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး

'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်..

၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..

'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။

ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက်
ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..'

"ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့

"တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် ..

"လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် …

'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့

ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊
ပြီးတော့ လက်မောင်းကိုက်လာမယ် ၊

ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့
ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် …

ဆရာက 'မင်းပြောတာမှန်တယ်

..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထားတဲ့အချိန် အတွင်းမှာ
ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား'

လို့ ဆက်မေးတော့

" မတိုးပါဘူး " လို့ တညီတညွှတ်တည်းဖြေကြတယ် …

' ဖန်ခွက်ရဲ့ အလေးချိန်ပြောင်းသွားတာလဲ မဟုတ်ပဲနဲ့ ..ဆရာက ဘာလို့
အဲ့လိုနာကျင်မှုဝေဒနာတွေ တိုးပြီး ခံစားရတာလဲ၊

အဲ့ဒီ ဝေဒနာတွေ သက်သာအောင် ဆရာဘာလုပ်ရမလဲ ' လို့မေးတော့
ကျောင်းသူတစ်ယောက်က " Put the Glass Down"

'ဖန်ခွက်ကို အောက်ပြန်ချထားလိုက်ပေါ့' လို့ ဖြေလိုက်ပါတယ် …



ဆရာက " သိပ်မှန်ပါတယ် ..မင်းတို့ ဘ၀မှာ ကြုံရတဲ့ ပြဿနာတွေကို
ခေါင်းထဲမှာခဏလောက်ထည့်ထားရင်

ဘာမှမဖြစ်သေးပါဘူး။ အကြာကြီး သိမ်းထားပြီးစဉ်းစားနေတဲ့အခါ ကြာလာတော့
မင်းတို့ကို စတင်ပြီး

နာကျင်မှုပေးလာမယ် ၊ ဝေဒနာဖြစ်စေလာမယ်။ ပြဿနာတွေကို ဖြေရှင်းရတာ ဘ၀ရဲ့ ရသ
တစိတ်တပိုင်းပါ။ "
Show/Hide

Monday, March 21, 2011

အရမ်း ကြိုက်တယ်...

ရယ်မောခြင်းဖြင့် ဘ၀ အမောများ ပြေပါစေ

လူတစ်ယောက် အများသုံး အိမ်သာထဲ ၀င်ပြီး ကမုတ်ထဲ ထိုင်ရုံ ရှိသေးသည်။ ပိာုဖက် အိမ်သာထဲက လူက လှမ်း နှုတ်ဆက်သည်။

"ပော့လူ နေကောင်းလား"

ဒီလို နေရာမျိုးမှာ အလာပ သလာပ စကား ပြောရတာ စိတ်မသက်မသာ ရှိလှသည်။ မကောင်းတတ် တော့လည်း ပြန် နှုတ်ဆက် ရသည်ပဲပေါ့။

"ကောင်းပါတယ် ကျေးဇူးပါ"

အသေအချာ အကျအန ထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမယ် ကြံကာ ရှိသေး အလိုက် မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ် နေတာလဲဗျ"

ပာာ.... ဒီလူတော့ ခက်ပြီ ... ဘာလဲကွာ ... ဒီလို နေရာမျိုးမှာ ဒီလို ဂွတီးဂွကျ မေးခွန်းမျိုးတွေ လာ မေးနေရတာလဲ။ စိတ်ပေါက်ပေါက်နှင့် ဘုတော ပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ"

ဘာဘဲဖြစ်ဖြစ် မြန်မြန် လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူး လိုက်သည်။ ဒါပေမဲ့ နောက်ထပ် မေးခွန်း တစ်ခု ထပ် ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ...ရမလား"

"ဗုဒ္ဓေါ...ဒီလူ ဘယ်လိုလူလဲ...ဂေးလား"

ဘာဘဲဖြစ်ဖြစ် ကိုယ် ကျင်လည် ကျက်စားရာ နေရာ မပာုတ်လို့ သတိတော့ ထားနေရသည်။ ထောင်းခနဲ ထွက်လာသော ဒေါသကို အသာ ချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့် ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ... ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ"
တဖက်က ဒုန်းကနဲ တံခါးဆောင့် ပိတ်သံ ကြားလိုက်ရပြီး ပိာုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်... ပာိုဖက် အခန်းထဲက သောက်ပေါ တစ်ကောင်က ရူးသလို နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့"

Wednesday, March 9, 2011

***ခွဲကြစို့ ညီမလေးရေ***




တိတ်တိတ်လေးလှိမ့်ဝင်လာတဲ့

ကံကြမ္မာတစ်ခုကို..မရှောင်နိုင်ခဲ့လေတော့

ကိုယ်တို့လမ်းမှာ ရှက်သွေးတွေလိမ်းကြံရတော့တာပေါ့

မိုက်ရူးဆိုတဲ့ နာမည်ဆိုးတစ်လုံးနဲ့

ကိုယ်ကကြီးမိုက်ကြီးတဲ့လား

မသိခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ကျကျနန ကျဆုံးခဲ့ပါတယ်။

ခွဲကြပါစို့..ညီမလေးရေ

ကမ်းသောလက်..လှမ်းသောလက်တွေ

မဆုပ်ကိုင်မိနိုင်သမျှ

ခြေလှမ်းကိုထပ်တူ မလှမ်းနိုင်တော့ဘူးလေ

နောင်သံသရာတစ်ခုလုံးတွင်မှ

ညီမလေးအပြုံးတွေ ဖူးရနိုင်စေ...

ခွဲကြပါစို့..ညီမလေးရေ

လက်တွေ့ဆီမရောက်နိုင်သော ချစ်ခြင်း

အိမ်မက်ဆန်ခြင်းတဲ့လား

ညီမလေး...ညီမလေး...ညီမလေး..အခါခါတိုင်တည်ရင်း

ကိုယ်ငိုရပါစေတော့

ဒီတောင်ကို..ဘယ်တော့များမှ မကျော်နိုင်တော့ပါဘူး။

ခွဲကြပါစို့..ညီမလေးရေ

တဘဝစာလက်ပြရင်း နှုတ်ဆက်

ချစ်သူနဲ့ ကွေကွင်းရတယ်ဆိုတော့

ရင်မှာမချိလှပါဘူး...ညီမလေးရယ်...

***ငိုချင်လိုက်တာ***




မနေ့ညတုန်းက

အိမ်မက်လေးဖြုတ်ခနဲ့ကြွေသွားလေရဲ့

ဖွဖွလေးနင်းလာတဲ့ခြေသံမှာ

ကြွေသွားတဲ့အိမ်မက်လေးက

ကျိုးကျိုးကျွတ်ကျွတ်နဲ့

ကျိုးကြေသွားလေရဲ့

အော်ကွယ်....

ငိုချင်လိုက်တာ

တစ်စစီလွင့်နေတဲ့ ပုလဲသွယ်လို

ငါ့မျှော်လင့်ချက်လေးတွေလဲ

တစ်စစီ ဟိုဒီပြန့်ကျဲ

လွမ်းနေတတ်လိုက်တဲ့

နှလုံးသားကို

သစ်ခြောက်ပင်တွေက သဲ့သဲ့ရီလို့

အဲ့တာအထီးကျန်မှုတဲ့

ပြောပါစေတော့လေ

ပြောပါစေတော့

ချစ်သူကို တမ်းချင်းတွေနဲ့

နေရက်တွေကိုရှေ့ ဆက်နေရသူမို့

ငိုချင်လိုက်တာ။...

Friday, March 4, 2011

“သံယောဇဉ်”



“သံယောဇဉ်”............တဲ့
စကားလုံးအဖြစ်နဲ့သာ လှပနေခဲ့တာပါ

ချစ်ခြင်းတွေနဲ့သံပတ်တင်း
နှလုံးသားနဲ့ ရင်းမိပြီဆိုမှဖြင့်
ကုစားမရ ဖြေသိမ့်မရ
နောင်တတွေ တပွေ့တပိုက်နဲ့
ကိုယ့်မာနကိုယ် အခါခါရိုက်ချိုးရင်း
ဘ၀ကို အမှောင်ချ
လောင်သမျှ သောကမီးကို
ရင်စည်းသာခံ..............

post by: Nay Min Tun

အမုန်းတေးသွား...



ကောင်မလေးရေ...
ညကငါအိပ်မက်မက်တယ်
တစုံတယောက်ကို ပစ်ပေးပါတဲ့.
သေနတ်တလက် နင်ပေးပြီး
ညှို့ချက်ပြင်းပြင်းနဲ့ ငါ့ကိုခိုင်းခဲ့တယ်
မလွန်ဆန်နိုင်ခဲ့ပါဘူး
သေနတ်ခလုတ်ကို ငါဆွဲလိုက်တယ်
ဒိုင်းကနဲ အသံနဲ့အတူ
ရင်ဘတ်တခြမ်း ပွင့်သွားတယ်
အဲဒါ ငါ့ရင်ဘတ် ဖြစ်နေတယ်
နင်ငါ့ကိုပေးတုန်းက
သေနတ်ပြောင်းက ငါရင်ကိုချိန်ထားတယ်လေ
မတော်တဆလို့ ယူဆရင်း
ငါတဖြည်းဖြည်း လဲကျသွားတယ်
နင်ကတော့ ပြုံးလို့.........တဲ့။

ကောင်မလေးရေ....

ဘ၀အဆက်ဆက်
ဝဋ်ကြွေးပန္နက်များ ရိုက်ခဲ့မိလေသလား

နင်နဲ့ ငါ့ကြား
အငြိုးအတေးများ ရှိခဲ့လေသလား

မတော်မတရား စိတ်ထားနဲ့
နင့်ကိုငါ ဖျားယောင်းခဲ့လေသလားဟယ်...

ကောင်မလေးရေ...
ငါ့အတွက်ပါဆိုပြီး
နင်ကိုယ်တိုင် ကုလားဖန်ထိုး
နင်ဘာသာနင် ချိုးတဲ့ဖဲနဲ့
ငါ ခွက်ခွက်လန်အောင် ရှုံးခဲ့တယ်။

ကောင်မလေးရေ...
နှလုံးသားတွေကို ချနင်း
မေတ္တာတွေကို ခုတုံးလုပ်မှ
ဘ၀တွေသာယာမှာပ ဆိုရင်လည်း
သံသရာတကြောမှာ
အဖန်ဖန်မောရမယ့် ၀ဋ်ကြွေးတွေအတွက်
ဒီဘ၀တခန်းရပ်မှာပဲ
အကုန်ပြန်ဆပ်ပါရစေတော့....။

ရှိစေတော့ ကောင်မလေးရေ.....
အလျော်အစားစိတ်ထားနဲ့
မေတ္တာတရားကို ကစားနေကြတဲ့
အမုန်းတေးသွားတွေသာ ရပ်ကြပါတော့
ရပ်... ကြ... ပါ... တော့... ဟာ.....။

post by : Nay Min Tun

Sunday, February 20, 2011

ဘ၀ အမောတွေပြေစေဖို့ ရယ်လိုက်ကြစို့နော်..

နည်းနည်းလျှော့ပါဦး

ဆရာဝန်ကလူနာရဲ့ရောဂါအခြေအနေစစ်ဆေးထားတဲ့စာရွက်တွေကိုင်လာပြီး လူနာဆီရောက်လာပါတယ်။
ကျသင့်တဲ့ဆေးစစ်ချက်တွေနဲ့ဆေးဘိုးဝါးခတွေကိုစာရင်းချပြပါတယ်။
ကုန်ကျငွေလည်းတော်တော်များနေပါပြီ။
"ခင်ဗျာရောဂါကကျွမ်းနေပြီဗျ။ ခင်ဗျားအနေနဲ့နောက်ထပ်ခြောက်လပဲနေရတော့မယ်"
လို့ဆရာဝန်ကပြောပါတယ်။
"ဟာ...ဒေါက်တာရယ်ကျွန်တော့မှာအသက်အာမခံတွေဘာတွေလည်းမလုပ်ရသေးဘူး
ဒါကြောင့်ဆရာ့ကိုပေးဖို့ဆေးဘိုးတွေလည်း အချိန်မှီပေးဖို့မရနိုင်သေးဘူးထင်တယ်"
'ဒီတော့ဆရာဝန်ပြန်ပြောလိုက်ပုံက----
"ရပါတယ်၊ ဒါဆိုလဲ ကိုးလလုပ်ဗျာ.............


ကွာရှင်းခွင့်

မျက်ရည်စက်လက်နဲ့အိမ်ထောင်ရှင်မတစ်ဦးဟာ တရားသူကြီးတစ်ဦးရှေ့မှောက် ခုလိုတိုင်တန်း
နေပါတယ်။
"တရားသူကြီးမင်းရှင့်၊ကျွန်မယောကျာ်းကို ကွာရှင်းခွင့်ပေးပါ။
"မင်းမှာသက်သေရှိလို့လား"
တရားသူင်္ကြီးကမေးလိုက်ပါတယ်။
"ဟုတ်ကဲ့ရှိပါတယ် တရားသူကြီးမင်းရှင့် ။ ကျွန်မကလေးသုံးယောက်စလုံးရဲ့
မျက်နှာတွေကိုအကဲခတ်ကြည့်ရတာ တစ်ယောက်မှသူနဲ့မတူပါဘူးရှင့်။ :P



လက်ထပ်တဲ့နေ့မို့

ခင်ပွန်းသည် ဖြစ်သူသည် စီးပွားရေးကိစ္စ တစ်ခုအတွက် ခရီးထွက် လာရာ သူ၏ ဇနီးသည်
လည်းလိုက်ပါသွားလေသည်။ထိုသို့ ခရီးသွားရာတွင် ခင်ပွန်းဖြစ်သူ က သူ၏
ခရီးဆောင်ကွန်ပြုတာလေးကို ယူလာခဲ့သည်။လေဆိပ်ရောက်သောအခါ လုံခြုံရေး က
ထိုကွန်ပြုတာ ထည့်ထားသော လက်ဆွဲသေတ္တာလေးကို ဖွင့်ခိုင်းသည်။
ထိုလက်ဆွဲသေတ္တာမှာ လျှို့ဝှက်နံပါတ် ပေးပြီးသော့ ခတ်ထား၇သည်ကို
ကျွန်မ၏ခင်ပွန်း သည်က အချိန်အတော်ကြာကြာ ကြိုးစား
ဖွင့်နေသည် ကို လုံခြုံရေးအရာရှိကလည်း စိတ်ရှည်လက်ရှည် စောင့်ကြည့်နေလေ သည်
။နောက်အတော် ကြာ မှ ဖွင့်ရသွားသဖြင့်
လုံခြုံရေးအရာရှိကလည်း ခေတ္တကြည့်ရှု့ကာ သွားခွင့်ပြုလိုက်သ်ည်။
ထိုအခါ ကျွန်မက ခင်ပွန်ုးသည်အား မေးလိုက်သည်။
" မောင်ကလည်း သေတ္တာဖွင့်တာ ကြာလိုက်တာ၊ ဘာတွေစဉ်းစားနေတာလဲ "
"မှတ်ထားတဲ့ ဂဏန်းက ကိုယ့်တို့လက်ထပ်တဲ့နေ့မို့လိုပါ ကွာ"...........

အားလုံးကိုအကူအညီတောင်းလိုပါတယ်

ဂျစ်တူး(မုံရွာ) http://photojittoomonywa.blogspot.com/ ကပါ။


ကိုကာကိုလာ-ပက်စီ-ကုတ် တွေအကြောင်းကိုလူတိုင်းနှီးပါးသိပြီးကြမယ်လို့ထင်ပါတယ်။
မသိသေးတဲ့သူတွေအတွက်ကတော့သတင်းထူးပါဘဲဗျာ-
ဒီကနေ့ ဂျစ်တူးအကိုရဲ
့သူငယ်ချင်းတစ်ယောက်စင်္ကာပူကိုရောက်လာခဲ့ပါတယ်။အပျော်ထွက်-ဈေးဝယ်လာ
တာတော့မဟုတ်ပါဘူး။သူမရဲ့ ချစ်ဆုံးယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ ရသူပါ။
လက်ထပ်ထားတာမှတစ်နှစ်တောင်မပြည့်သေးပါဘူးတဲ့ ။သူကကျောင်းဆရာမဆိုတော့ခွင့်ယူဖို့ -
အလုပ်ထွက်ဖို့ ဆိုတာတော်တော်ခက်လို
့ယောက်ျားရှိတဲ့နေရာမှာလည်းမလိုက်လာနိုင်။ယောက်ျားကလည်း
သူမနှင့်အတူလိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို
့အနေဝေးနေကြတာပေါ့။နောက်နှစ်ဆိုရင်
တော့အတူတူနေလို့ ရပါပြီ။(ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေးတစ်ယောက်ပျော်နေခဲ့ တာပေါ့)
ဒါပေမဲ့အခုတော့သူမအပျော်တွေဘယ်တွေရောက်နေကုန်ပြီမသိတော့ပါဘူး။
ဆရာမလေးယောက်ျားတစ်ယောက်မြန်မာနိုင်ငံထုတ်အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို
့သေဆုံးသွား
ပါတယ်။မနက်ဖြန်ဆိုရက်လည်နေ့ ပေါ့။
ဒီလိုသတင်းတွေကြားနေရတာတော်တော်များနေပါပြီ။
ပြီးခဲ့တဲ့သုံးပတ်လောက်ကလည်းပါတာစီတစ်မော့နဲ့ကိုကာကိုလာသောက်မိလို
့သေသွားတဲ့ မြန်မာအမျိုးသား
တစ်ယောက်လည်းဆုံးပါးသွားပါပြီ။
သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကိုသောက်တယ်တဲ့(ဆေးရက်စွဲမကုန်သေးပါဘူး)
နဲနဲကြာတော့ရင်တွေပူလွန်းလို
့ဆိုပြီးကိုကာကိုလာသောက်လိုက်တယ်(သူ့အမျိုးသမီးကိုယ်တိုင်ရေခဲသတ္တာ
ထဲကယူပေးလိုက်တာပါ)။ ခဏနေတော့ပါးစပ်ထဲကအမြုတ်တွေထပြီးမူးလဲသွားလို
့ဆေးရုံကိုပို့လိုက်ရပါတယ်
အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲအသက်ဆုံးသွားခဲ့ပါတယ်။
အရင်ဆုံးကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့သူငယ်ချင်းအရင်းခေါက်ခေါက်ကိုယ်တိုင်ပါဘဲ။
ကုန်လွန်ခဲ့တဲ့သုံးလလောက်ကဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံထုတ်ညော်ထွက်တဲ့ဆေးတစ်မျိုးကိုသောက်ပြီးတော်တော်ကလေးကြာမှပက်စီကိုသောက်လိုက်တာ
တခါတည်းအသက်ပါ ပါသွားလိုက်တာပါ။
ကြားခါစမယုံမကြည်ဖြစ်မိပါတယ်။ဒီလောက်သန်သန်မာမာကျန်းမာရေးအထူးဂရုစိုက်တဲ့သူတစ်ယောက်သေ
တယ်ဆိုတော့ဘယ်လိုမှမယုံကြည်မိပါဘူး။တကယ်တန်းမီးခိုးငွေ့တွေအဖြစ်ကြုံရတော့မယုံကြည်လို့မရတော့
ပါဘူး။
နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းတသင်းများကိုစကားတိုးတိုးပြောပေးပါ။
အထက်ပါအကြောင်းအရာတွေကိုပါ။မဖြစ်အောင်တားလို့ ရပါတယ်။တစ်ယောက်ကြည့်လို့ တစ်ယောက်သိ
ရင်တစ်ယောက်အသက်ကိုကယ်တင်ရာရောက်ပါတယ်။ဘလော့တွေအားလုံးကဖြစ်ဖြစ် - ပြန့် ပွားအောင်
သိသူများအောင်ဖေါ်ထုတ်ပေးကြပါ။
အောက်ကဗွီဒီယိုကလစ်ကလေးကတော့ပူရှိမ်းသကြားလုံးကလေးတွေနဲ့ပက်စီ-ကိုကာကိုလာ-ကုတ်စတာ
တွေနဲ့စမ်းသပ်ထားတာအမျိုးမျိုးကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။
လူအသက်တစ်ချောင်းကယ်ကောင်းပါတယ်ဗျာ-
တစ်ယောက်အားနဲ့မရပါဘူးအများသိဖို့ အများမှာတာဝန်ရှိပါတယ်။
သင်သိတာကလေးကိုမျှဝေသိစေခြင်းဖြင့်ကုသိုလ်ယူကြပါ။
http://www.youtube.com/watch?v=OSnq34lqnfc

Saturday, February 19, 2011

You Belong With Me!

ရင်ထဲက ထပ်တူထပ်မျှခံစားချက်လေးပါ....

Wednesday, January 12, 2011

၁၅၀၀ အချစ်အား ဆန်းစစ်လေ့လာခြင်း ~





လူတွေ၏ ပါးစပ်ဖျားတွင် ရေးပန်းအစားဆုံး စကားတစ်ခွန်းပြောပါဆိုလျှင် “အချစ်” လို့ ကျွန်တော်ချက်ချင်း ဖြေမိပါလိမ့်မည်။ ကျွန်တော် လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း အခုချိန်ထိ မပြောင်းလဲပဲ တည်တံ့ပြီး ကျန်ရစ်ခဲ့တဲ့စကားက “အချစ်” ပင်ဖြစ်သည်။ ဒါကြောင့်ပင် ဒီ “အချစ်” ဆိုသည့်စကား ဘာကြောင့်များ ယခုချိန်ထိ တည်တံ့နေခြင်းကို ကျွန်တော်စူးစမ်းမိသည်။ ရှာဖွေမိသည်။ ကျွန်တော်ကိုယ်တိုင် ဤသို့လေ့လာမိခဲ့ပါသည်။

.

အချစ်ဆိုသည်မှာ ဘယ်တော့မှ ဖြောင့်တန်းတည့်မတ်ခြင်း မရှိသော စိတ်ခံစားမှုတစ်မျိုးပြီး ချစ်ခြင်းကို ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုလျှင် တစ်မျိုးတည်းတွေ့ရမည်မဟုတ်ပေ။ လူတစ်ချို့ကပြောကြသည်။ ရိုးရိုးလေးပါပဲ “ငါမင်းကိုချစ်တယ်” တဲ့၊ တသမတ်တည်း ရိုးရိုးလေးထင်ရပေမယ့်၊ ခံစားသူရဲ့ ခံစားမှု အတွေ့အကြုံတွေ ရောနှောချက်တွေကြောင့် အချစ် ဆိုတာ မတူညီတဲ့ အရသာ ၄ မျိုးကွဲထွက်သွားသည်။ ကျွန်တော်ပြောခြင်း မဟုတ်ပါ။ ဂရိစာပေ ပညာရှင်များ ပြောခဲ့ခြင်းသာဖြစ်သည်။

.

Show/Hide
forward mail မှ ကူးယူဖေါ်ပြပါသည်။

Tuesday, January 4, 2011

ဦးနု မိတ္တဗလ ဋီကာ

ဦးနု_မိတ္တဗလ u nu-1 Show/Hide