လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Tuesday, January 4, 2011

ဦးနု မိတ္တဗလ ဋီကာ

ဦးနု_မိတ္တဗလ u nu-1 Show/Hide

8 comments:

Anonymous said...

Publish Post



Posted by နေနော်နှင်းမိုး at 12:38 AM
Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
3 comments:

နေနော်နှင်းမိုး said...

* နေမင်း *ပုန်းတိတ်တိတ် ရူး
* နေမင်း *ပုန်းတိတ်တိတ် ရူး
*ကြွေသက်မှာ -တထိတ်ထိတ်စောလို့ မို့ 
ရေရွက်လွှာ-တိတ်တိတ်တဆိတ်မောရအောင်
သြော် ........ဥသြတွေ တွန်လှပြီ...............။
*နွေအကူးပေမို့ -လေအရူးရယ်က
ပွေလူးကာ-ဟိုသည်ခက်ပြန်တော့
မကြာမှီ သာကီနတ်ကယ်နဲ့ 
ကွဲလေမှာ-သဲဝေလှပ်တယ်ကွယ်
ဝေး..........တစ်နယ်ရယ်စီ။
*စာမေးတွေ-ဖြေအပြီးမှာဖြင့်
ညာလေးဆွေ-တစ်ပြေတီးဆီသို့ 
ရွှေခရီးဖြန့် လို့ ချီ........သြော်
နှင်းကတော့....ဠာနေ(နီ) မို့ ပျော်မြူး.....။
*နှင်းမသိလေဘူး - ပူမိသူ...နေမင်းထွန်းမှာတော့
မကြာခင် သက်ကာလျှောပေမဲ့
ညှာအကျင် -ရွက်ဝါမောသလို
နေ့ တွေကို စေ့ရေစောတဲ့အပြင်
ဥသြသံ ညံမဆိတ်လေတော့
သည်းမရွင် -ရင်ထဲကထိတ်ပါဘိ......
သြေ......နေမင်းထွန်း.....ပုန်းတိတ်တိတ်ရူး......
*
February 9, 2011 12:05 PM
နေနော်နှင်းမိုး said...

*ရော်ဝါကြွေ
လေသင့်သလို
လှိုင်ခက်ရင်မှာ
သိမ်ငယ်စွာ.....စည်းချက်မှားတယ်လေ...။
*အကြင်နာရိပ်
လဲ့ရည်ရွှန်းစွာ
နှလုံးသားချင်း....သိပေမဲ့
ပန်မ၀န့် သူ....နေမင်းရင်ထဲမှာ...
ပျိုးမိတဲ့......ပန်းရယ်ပါ.......
February 9, 2011 12:11 PM
နေနော်နှင်းမိုး said...

*အတိတ် အကြောင်း
ချန်ခဲ့ ဆောင်းမှာ
မဟောင်းမြဲသစ်
သိပ်ချစ်ကြသည့်
နှစ်ဦးသက်သေ
မျက်ရည်ဝေ့၀ဲ
နှုတ်ဆက် ခွဲခွါ
တစ်ဘ၀စဝေး....တစ်ခဏလေးထင်
နေမင်း .....ရင်ထဲ
နှင်းပွင့်တွဲခို......
*သြော်.......မျက်တောင်ဖျားတို့ ....စို လေပြီ....*

Anonymous said...

Posted by နေနော်နှင်းမိုး at 2:12 PM
Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz
5 comments:

နေနော်နှင်းမိုး said...

မှန်ကန်စွာချစ်တတ်သူတစ်ယောက်အဖို့  ( အချစ်)
ဆိုတာ လူသိရှင်ကြားဖြစ်ဖို့ မလိုအပ်တော့ပါဘူး။။။။။။
အဝေးကြီးကနေ လူမသိ,သူမသိ တိတ်တိတ်ကလေး
ချစ်ရသော အချစ်သည်,,,ရင်ထဲကသစ္စာတရားကိုယ်
ပိုပြီတော့ဂုဏ်ရှိနေမှာပါ,,,
" တစ်ခါတစ်ခါကျတော့လည်း ဦးနောက်နဲ့ ဆုံးဖြတ်ခဲ့တဲ့ အရာတစ်ခုကလဲ ( လည်း )
နှလုံးသားရဲ့ ခံစားမှူ့ တစ်ခုလောက်နှုးညံ့
သိမ်မွှေခြင်းဆိုတာမရှိပေမဲ့ ထာဝရဆိုတာ
ကတော့ ( သေတဲ့ အထိ )သေချာပါတယ်,,,
January 6, 2011 9:59 PM
နေနော်နှင်းမိုး said...

ှုI 'll always remember you as long as i live, my love for you should
have ended long ago,,But deep down
in side of me ,I can feel the aglow.Do not compromise your repu-
tation by cheating,A fter you must
not cheapen your self,.....I'm cherished one of your life!,,,
Don't do with kick against the pricks!..I'm praide perevents you from doing anything dishonourable i promis to you,,
January 6, 2011 10:01 PM
နေနော်နှင်းမိုး said...

ငါမင်းကိုအသက်ထက်ဆုံးသတိရနေပါတယ်,,,,,
မင်းကိုချစ်တဲ့ငါ့အချစ်ကပြီးဆုံးသင့်တာကြာပါပြီး,,,,
ဒါပေမဲ့,,,ငါ့ရင်နှလုံးသားထဲမှာ မင်းကိုနက်နက်ရိုင်း
ရိုင်းရှိနေပါတယ်။ လိမ်ညာခြင်းနဲ့ မင်းကိုယ်မင်းတန်ဘိုး
မကျပါစေနဲ့ ,,
ငါလေ,, မင်းဘ၀တစ်ခုလုံးကိုယ်ယုယပိုက်ထွေးထားချင်တာပါ,
အဓိပါယ်မဲ့ မင်းရဲ့ လုပ်ရက်တစ်ခုကြောင့် ကိုယ်
ကျိုးမထိခိုက်စေနဲ့,,ငါကိုယ်လည်းနာကြင်အောင်မ
လုပ်ပါနဲ့, မင်းရဲ့ဂုဏ်သိက္ခာကျမဲ့အလုပ်မှန်သမျှ ငါ
ဘယ်တော့မှ မလုပ်ပါဘူး,,'ဒီအတွက် ငါဂတိပေး
ပါတယ်,,,,ချစ်သူ,,
January 6, 2011 10:03 PM
နေနော်နှင်းမိုး said...

အထင်ကြီးမှုနဲ့ သံယောဇဉ်
အချစ်ဆိုတာ ဘယ်ကစတာလဲ?
ကျွန်တော်စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်
ပိုပြီး တိတိကျကျပြောရရင် မောင်လှမျိုး(ချင်းချောင်းခြံ)ရေးတဲ့စာအုပ်ထဲမှာ
အချစ်ဆိုတာ လူတယောက်နဲ့တယောက် အထင်ကြီးမှုကစတာပဲတဲ့
ပထမအဆင့်အနေနဲ့ အထင်ကြီးမယ် ဒုတိယအနေနဲ့ အချစ်ဆိုတဲ့ ခက်ဆစ်ကို ဖြေကြတယ်လို့ပေါ့
အမှန်တော့ ဟုတ်လောက်တယ် ယောက်ျားနဲ့ မိန်းမတွေ့ကြရင် တယောက်နဲ့တယောက်
အရင်ဆုံး အထင်ကြီးမှုရှိလာမှ နောက်ဆက်တွဲ သံယောဇဉ်တို့ အချစ်တို့ ဖြစ်လာနိုင်စရာရှိတယ် ထင်တာပဲတကယ်လို့များ အထင်ကြီးတဲ့လူတစ်ယောက်နဲ့ သံယောဇဉ်ရှိတဲ့ လူတစ်ယောက်တွေ့ကြတဲ့အခါ ဘယ်လို ရွေးချယ်သင့်တယ်လို့ ထင်လဲ?
January 18, 2011 11:29 PM
နေနော်နှင်းမိုး said...

တချိန်မှာတော့ မင်းငါ့ကိုထားသွားမှာပါ...
တချိန်မှာတော့ ငါ့ကို ထားသွားမှာပါ....
ထားသွားရင်လဲ အပြစ်ပြောခွင့်မှမရှိတဲ့ငါ
ကြိတ်ပြီးပဲ ကြေကွဲရုံအပြင် မပိုပါဘူး...
ဒီဘ၀ကတော့ အချစ်နဲ့ အကျိုးမပေးပုံများ
နက္ခတ်မှားပြီး မွေးလာလားလို့တောင် ထင်ရတယ်
တကယ်ပါ ချစ်သူ......
ထားရာနေ စေရာသွား ငါ့ဘ၀မှာ
အချိန်မရွေးမင်း ပျံသန်းသွားခွင့်ရှိပါတယ်.....
January 18, 2011 11:48 PM

Anonymous said...

နေမင်းဆိုတာတောက်ပတဲ့အလင်းတန်းတစ်ခုပါ။
ကျွန်တော်နာမည်ကနေမင်းထွန်းပါ။
ဘ၀မှာခါးသီးတဲ့သင်ခန်းစာတွေကြောင့်သောကတွေရခဲ့ပါတယ်၊အဲဒီသင်ခန်းစာတွေကြောင့်ကျွန်တော်ဘ၀လေးကလှပဖို့အ
ချိန်လေးမကြယခင်ရောက်လာတော့မျာမို့ ရောင်နိကလေးသန်းခဲ့ပါပြီ။ ဒါကြောင့်မို့  ( နေမင်းထွန်း ) ဆိုတဲ့ နာမည်လေးပေး
ခဲ့တာပါ။ ကျွန်တော်မှာဖေဖေနဲ့ မေမေ ဆိုတာမရှိတော့ ပါဘူး,,,မကြာသေးသောအချိန်ကာလကလေးပဲကွယ်ပြောက်သွားကြ
ပါပြီ။ ဒါပေမဲ့ အားမငယ်ဘူးဘ၀ကိုစိန်ခေါ်အုန်းမယ်။
လောကမှာဖေဖေရယ်မေမေရယ် မရှိတော့ဘူးဆိုရင် မှီခိုရာမဲ့သွားတာပေါ့ ထိုအတူပါပဲ မွှေးချင်းမောင်နှမတွေ ကွယ်
ပြောက်သွားကြရင်လည်း အင်အားဆိုတာမရှိတော့ဘူးလေ။ ဒါကြောင့်မို့ ကျွန်တော်ဘ၀လေးသာယာလှပဖို့ အတွက်ကြိုတင်
ပြင်ဆင်ခြင်းတစ်ခုပြုလုပ်နေပါပြီ။ ဒါကြောင့် မို့ ကောင်းခြင်းနိမိတ်တွေနဲ့ အတူဘ၀ကိုဖြတ်သန်းတော့မှာမို့  ( နေမင်းထွန်း )
လို့ ကျွန်တော်ကို ခေါ်ကြပါလို့ ချစ်သောသူငယ်ချင်းတို့ ကိုပြောချင်ပါတယ်။
အားလုံးကိုလေးစားလျှက် မှ,,,နေမင်းထွန်း,,,,

Anonymous said...

**နှင်း..**
ငါ့ရင်တွေခုန်... ခဏလေးဆုံတိုင်း
ငါ့ရင်မချိပါနှင်းပါဘူး နှင်းရယ်...
မမြင်သာမတွေ့ ရပေမဲလဲ့..
အူတုန် ရင်မော သိမ်ငယ်ရသူကလဲ..
နေမင်းပါပဲ နှင်းရယ်..။
ဒါပေမဲ့ နှင်းရယ်. နှင်းအပေါ် ထားခဲ့မိတဲ့ 
ငါ့မေတ္တာ. ငါ့ သံယောဇဉ်ကတော့ဖြူတယ်ရိုးတယ်.. နှင်း
လူတစ်ယောက်ရဲ့ ရင်နှလုံးသားရှိ ရဲ့ 
မင်းရင်ထဲကမေတ္တာတရားတွေအကြင်နာ မင်းစကားတွေက..
အစကငြိမ်းချမ်းခဲ့တယ်လေ.. အခုတော့... ?
နှင်းရေ အချစ်ဆိုတာလူတွေက ပြောကြတယ်
ပိုင်ဆိုင်ချင်းတဲ့ တဦးက လည်းဘာတဲ့ .. ရယူချင်းတဲ့ .ပြောပါသေးတယ်နောက်တယောက်
အနစ်နာခံချင်းတဲ့ .. ဒါပေမဲ့ နှင်းရယ် ..ငါ့အတွက်တော့အချစ်ဆိုတာ ငြိမ်းချမ်းမှု့ လေးတစ်ခုပါ..
ဘာဖြစ်လို့ လဲဆိုတော့ နှင်းရယ် အချစ်ဆိုတာလူသိရှင်ကြား ဖြစ်ဖို့ မလိုအပ်တော့ပါဘူး..
လူမသိသူမသိအရပ် နေရာ တစ်ခုကနေ .. တိတ်တိတ်ကလေးချစ်နေရတဲ့ အချစ်တစ်ခုက ပိုပြီးတော့
ဂုဏ်ရှိနေသလို ငြိမ်းမှု့ လည်းရှိတယ် .. ဒါကြောင့်မို့ ငါ့ရဲ့ အချစ် ..ငါ့ရဲ့ မေတ္တာ ငါ့ရင်သံယောဇဉ်ကတော့..
နေမင်းရင်ထဲ ငြိမ်းချမ်းမှု့ တွေရှိခဲ့တာမို့ နူညံ့သိမ်ငယ်စွာနဲ့ ချစ်နေပါရစေတော့..... နှင်းရယ်.. ၈.၂ ၂၀၁၁
စတားဘပ်(ထ်) ဆိုက်ဖာကဖေး... ..အမှတ်တရရေးသားခဲ့သည်။

Anonymous said...

****မင်းပျော်နိုင်မှာပါ*****
** အသက်တမျှချစ်ပါရဲ့...
လက္ခဏာအဖြစ်လို ပွဲဝင်မထိုက်သူမို့  ...လွမ်းတတ်သူဇတ်ဝင်ခန်းမှာ....ပန်းကြိုတ်သူလွမ်းနေတတ်အောင်...အမှတ်တရကွယ်ခြေရာချနတော့..ဝေဒနာကျန်အဆွေးမြေ့ တွေနဲ့ ...မရေရာပြန်တစ်စေ့စေ့တွေးတော့မှ့စေစေ့စေ့တွေးတော့မှ....သြော်....အချစ်ရယ်...တစ်နေ့ ထက်တစ်နေ့ ဝေး......ပူတတ်သူတစ်သက်လွမ်း....ကမ်းလှမ်းကာဝေဒနာ မမျှချင်လည်း....သမုဒ္ဒရနွေတောမှာ...မနုတ်သအမောတစ်ဇတ်သိမ်းအောင်....အချစ်ရယ်....ခုတော့

Anonymous said...

အသက်တမျှချစ်ပါရဲ့...လက္ခဏာအဖြစ်လို ပွဲဝင်မထိုက်သူမို့ ...လွမ်းတတ်သူဇတ်ဝင်ခန်းမှာ....ပန်းကြိုတ်သူလွမ်းနေတတ်အောင်...အမှတ်တရကွယ်ခြေရာချနတော့..ဝေဒနာကျန်အဆွေးမြေ့ တွေနဲ့ ...မရေရာပြန်တစ်စေ့စေ့တွေးတော့မှ့စေစေ့စေ့တွေးတော့မှ....သြော်....အချစ်ရယ်...တစ်နေ့ ထက်တစ်နေ့ ဝေး......ပူတတ်သူတစ်သက်လွမ်း....ကမ်းလှမ်းကာဝေဒနာ မမျှချင်လည်း....သမုဒ္ဒရနွေတောမှာ...မနုတ်သအမောတစ်ဇတ်သိမ်းအောင်....အချစ်ရယ်....ခုတော့ ခပ်စိမ်းစိမ်းပဲနေပါမယ်....။

Anonymous said...

***ငိုချင်လိုက်တာ***

မနေ့ညတုန်းက

အိမ်မက်လေးဖြုတ်ခနဲကြွေသွားလေရဲ့

ဖွဖွလေးနင်းလာတဲ့ခြေသံမှာ

ကြွေသွားတဲ့အိမ်မက်လေးက

ကျိုးကျိုးကျွတ်ကျွတ်နဲ့

ကျိုးကြေသွားလေရဲ့

အော်ကွယ်....

ငိုချင်လိုက်တာ

တစ်စစီလွင့်နေတဲ့ ပုလဲသွယ်လို

ငါ့မျှော်လင့်ချက်လေးတွေလဲ

တစ်စစီ ဟိုဒီပြန်ကျဲ

လွမ်းနေတတ်လိုက်တဲ့

နှလုံးသားကို

သစ်ခြောက်ပင်တွေက သဲ့သဲ့ရီလို

အဲ့တာအထီးကျန်မှုတဲ့

ပြောပါစေတော့လေ

ပြောပါစေတော့

ချစ်သူကို တမ်းချင်းတွေနဲ့

နေရက်တွေကိုရှေ့ဆက်နေရသူမို့

ငိုချင်လိုက်တာ။... နေမင်းထွန်းမှ..ညီမလေးသို့ 4 နာရီ 37 မီနစ်

Anonymous said...

***ခွဲကြစို့..ညီမလေးရေ***

တိတ်တိတ်လေးလှိမ့်ဝင်လာတဲ့

ကံကြမ္မာတစ်ခုကို..မရှောင်နိုင်ခဲ့လေတော့

ကိုယ်တို့လမ်းမှာ ရှက်သွေးတွေလိမ်းကြံရတော့တာပေါ့

မိုက်ရူးဆိုတဲ့ နာမည်ဆိုးတစ်လုံးနဲ့

ကိုယ်ကကြီးမိုက်ကြီးတဲ့လား

မသိခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

ကျကျနန ကျဆုံးခဲ့ပါတယ်။

ခွဲကြပါစို့..ညီမလေးရေ

ကမ်းသောလက်..လှမ်းသောလက်တွေ

မဆုပ်ကိုင်မိနိုင်သမျှ

ခြေလှမ်းကိုထပ်တူ မလှမ်းနိုင်တော့ဘူးလေ

နောင်သံသရာတစ်ခုလုံးတွင်မှ

ညီမလေးအပြုံးတွေ ဖူးရနိုင်စေ...

ခွဲကြပါစို..ညီမလေးရေ

လက်တွေ့ဆီမရောက်နိုင်သော ချစ်ခြင်း

အိမ်မက်ဆန်ခြင်းတဲ့လား

ညီမလေး...ညီမလေး...ညီမလေး..အခါခါတိုင်တည်ရင်း

ကိုယ်ငိုရပါစေတော့

ဒီတောင်ကို..ဘယ်တော့များမှ မကျော်နိုင်တော့ပါဘူး။

ခွဲကြပါစို..ညီမလေးရေ

တဘဝစာလက်ပြရင်း နှုတ်ဆက်

ချစ်သူနဲ့ကွေကွင်းရတယ်ဆိုတော့

ရင်မှာမချိလှပါဘူး...ညီမလေးရယ်...

Post a Comment