လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Wednesday, July 28, 2010

ဘာလဲ အချစ်ဆိုတာ



လူမှန်ရင် အချစ်နဲ့ မကင်းကြပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်လိုဘ၀မျိုးမှာပဲ ရှင်သန်ရှင်သန်၊ အချိန်တန်လာရင် အချစ်ဆိုတဲ့ ပန်းလေးက ပွင့်လန်းလာတတ်စမြဲပါ။ ကလေးဘ၀အရွယ် လူလားမမြောက်ခင်တုန်းကတော့ မိဘချစ်၊ သူငယ်ချင်းချစ်၊ ဆရာချစ်…အချစ်တွေ ရှိခဲ့ကြတာပဲ။ ဘာလဲ အချစ်ဆိုတာကတော့ အဲဒီအချစ်တွေကို မဆိုလိုပါဘူး။ အရွယ်ရောက်လို့လာတဲ့အခါမှာတော့ စိတ်ကူးလေးတွေ ယဉ်လာကြတယ်။ လူတစ်ယောက်ရဲ့ အကြိုက်အတိုင်း ကိုယ့်ချစ်သူကို စိတ်ကူးထဲမှာ ပုံဖော်လာကြတယ်။ အချစ်သီချင်းလေးတွေ ကြိုက်လာတယ်။ ဆိုတတ်လာတယ်။ အချစ်ကဗျာလေးတွေ ကြိုက်လာတယ်။ အချစ်ကဗျာလေးတွေ ရေးလာတယ်။ ပြီးတော့ ရည်းစားလေး သို့မဟုတ် ရည်းစားလေးတွေ ထားလိုက်ကြတယ်။ “အချစ်”ဆိုတဲ့ စကားက ပါးစပ်ဖျားကို ရောက်လာခဲ့ပြီပေါ့။

ပထမဆုံး အချစ်နဲ့ အဆင်ပြေတဲ့သူတွေ ပြေကြတယ်။ အဆင်ပြေတဲ့သူတွေက အချစ်ဆိုတာကို ချစ်စရာလေးလို ကိုးကွယ်တော့တာပေါ့။ သူတို့ကို “အချစ်ဆိုတာ ဘာလဲ” သွားမေးကြည့်ရင် အချစ်ဆိုတာ ကြည်နူးစရာပေါ့၊ ပျော်ရွှင်စရာပေါ့လို့ ဖြေကြလိမ့်မယ်။ အချစ်နဲ့ အဆင်မပြေတဲ့သူ၊ အသည်းကွဲသူတွေကတော့ အချစ်ဆိုတာကို ရွံမုန်းစရာ၊ ကြောက်စရာလို့ သဘောထားကြမယ်။ အသည်းကွဲတာအတွက် အကြောင်းပြစရာ ခိုင်ခိုင်လုံလုံ ရှိနေသေးရင်တော့ “အချစ်ဆိုတာ ဘာကြီးမှန်း မသိပါဘူး”လို့ ဖြေတတ်ကြတယ်လေ။

Show/Hide

0 comments:

Post a Comment