လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Monday, May 31, 2010

* မျှော်လင့်သူ *



နှလုံးသားရဲ့ ပလ္လင်ပေါ်က
အလှဘုရင် ရှင်သခင်ရယ်
မေတ္တာစစ်ကို အရင်းပြုလို့
နှလုံးသားတစ်စုံ လှူလိုက်ပါရစေ..

ပြစ်ပါယ်ပြုတဲ့အနေနဲ့
အပြစ်ရှိသူ နှလုံးသားကိုတော့
လျစ်လျူမရှူသင့်ပါဘူးနော်....

အခြေအနေမတူလို့ ဝေးခဲ့ကြပေမယ့်
မေ့ဖျောက်လို့ မရတဲ့မမြင်နိုင်တဲ့
သံယောဇဉ်တွေက နွယ်ဖြစ်ကာရစ်တွယ်နေတော့
အမြစ်တွယ်တဲ့ နှလုံးသားက
မ၀ံ့မရဲ ပြောပြောနေရဲ့
ချစ်တယ်ချစ်တယ် ဆိုတဲ့စကားတွေပါပဲ....

ချစ်သူ.....
ချစ်တတ်အောင် သင်ပေးခဲ့ပေမယ့်
မချစ်တတ်တဲ့ မင်းရဲ့ နှလုံးသားကိုတော့
အပြစ်မမြင်ပါဘူး.........
သက်မဲ့ဖြစ်တဲ့ ကမ္ဘာကြီးတောင်
နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းသေးတာပဲ
သက်ရှိဖြစ်တဲ့မင်းမှာလည်း
လွဲချော်တတ်တဲ့အချစ်တွေ
ဖန်းတီးတတ်တာ မဆန်းပါဘူး.......

တကယ်တော့ မရနိုင်တော့တဲ့
အချစ်တွေကို မျှော်လင့်ရင်းနဲ့
တစ်ဘ၀တာပျော်ရွှင်စေဖို့
ခဏတာပြုံးပြရင်တောင်မှ
ငါ့အတွက်တော့ ကျေနပ်ပါတယ်

ဒါပေမဲ့..... ရင်ခွင်မှာတော့
မသိမသာ လွမ်းရင်းနဲ့
မျက်ရည်တွေကြွေကျနေတာ
ရက်ပေါင်းမနည်းတော့ဘူး.....ချစ်သူ

Sunday, May 30, 2010

ကံကောင်းခြင်းလက်ဆောင်များ

တရုတ်လူမျိုးတို့ ၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။
သင်ယုံချင်မှ ယုံပါလိမ့်မည်။
သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။
အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။


၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။


Show/Hide

ချစ်သောသူငယ်ချင်းများအတွက်

သူငယ်ချင်းတွေနဲ့အတူရှိနေချိန်
ဟာ အိပ်မက်တစ်ခုဆိုရင်
ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး

သူငယ်ချင်း..........မင်းအားငယ် နေလား..........

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။
++++++++++++++++++++++++++++++ ++++++++

Show/Hide

Saturday, May 29, 2010

*လွမ်းခွင့် ပေးပါ*

မိုးဆောင်းနွေ သက္ကရာဇ်တွေဆိုတဲ့
ကာလတွေအောက်မှာ ငါ့အချစ်တွေ
စတေးပြစ်ရတော့မှာလား
တစ်ချိန်တုန်းက ပြောခဲ့ဖူးတဲ့
ကမ္ဘာပျက်တောင် မမုန်းဘူး
သံသရာအဆက်မှာတောင်
မမေ့ဘူးဆိုပြီး ပြောခဲ့ပေမယ့်

အခုတော့------ ခဏတာ
ဝေးကွာခြင်းအောက်မှာ
သစ္စာတံတိုင်းတွေ အပိုင်းပိုင်းဖြတ်
အထပ်ထပ်ရစ်ထားတဲ့
သံယောဇဉ်နှောင်ကြိုး
မင်းဖြတ်ခဲ့ပြီပေါ့----------

ချစ်သူ........
ဆုံနိုင်ခွင့်ကိုတောင်းတနေရင်း
ရုတ်တရက် ကြုံလိုက်ရတာ
အပြုံအတုနဲ့ အမုန်းထုဆိုတဲ့
ရိုက်ချက်ပျင်းပျင်း
ဒီရင်မှာကြေမွခဲ့ပါပြီ.....

ဒါပေမယ့်------ကျေနပ်ပါတယ်
ရင်ထဲမှာမင်းကိုအခုထိ
ချစ်နေခဲ့လို့ပေါ့ ..........

ချစ်သူ.....
မကြားနိုင်တော့တဲ့ညတိုင်းမှာ
ငိုချခဲ့တဲ့ ရှိုက်သံတစ်ချက်
မျက်ရည်တစ်စက်နဲ့
ငါ...အယူခံမ၀င်တော့ပါဘူး
သခင်ကိုမှ ချစ်နေမိတော့
ချစ်နေခွင့် သက်သက်နဲ့
အချစ်ကျွန်တစ်ယောက်ရဲ့
အထီးကျန် ဘ၀ကို လျှောက်လှမ်းဖို့

ချစ်သူရယ်......
လွမ်းခွင့်လေးတော့ ပေးခဲ့ပါ.......နော်။

Friday, May 28, 2010

အသဲခွဲ သူရေ.....!

ဒီရင်ထဲက ခံစားချက်တွေ
သံစဉ်ညှိလို့ သီချင်းတစ်ပုဒ်
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ဒီအသဲကို တစ်ယောက်ပြောင်းလို့
အချစ်ကောင်းကောင်းဖြစ်မလာနိုင်တော့ဘူး

ချစ်သူ......ခူးခြွေဖို့မဟုတ်ပဲ
အလှကြည့်သက်သက်နဲ့
ဆူးဆူးနစ်နစ် ချစ်ခဲ့မိလို့
အရှုံးသမား ငါခွင့်လွှတ်ခြင်းတွေနဲ့
နှလုံးသားတစ်နေရာကို
ပေးဆပ်ခဲ့တာပါ.....

ဒါပေမယ့်-----အသဲခွဲလေသူကိုမှ
အချစ်သခင်တင်မြှောက်ခဲ့တော့
သခင့်အလိုကျ အသက်ခန္ဓာ
ထပ်ခါရင်းလို့ အသဲတစ်နေရာ
ပေးလှူပြီးပြီပဲမို့ ....
ဖဲ့ချင်ဖဲ့ ခြွေချင်ခြွေ
စားချင်စား မင်းအလိုကို
ဖြည့်ဆည်းနေရင်း
အပါယ်ခံ အတွက်တော့
အသဲဒဏ်ရာဟာ......မပြောပလောက်ပါဘူး

အချစ်ကိုမှ ရိုးသားစွာ ကိုးကွယ်ခဲ့တာမို့
အသဲခွဲလေသူ မာယာရှင်ကို
မနာကျင်ဘူးဆိုတာ
ကျရှုံးသူ ငါ့အတွက်တော့
ကမ္ဘာဆုံးတိုင် ကြေမွနေတဲ့
အသဲအပိုင်းအစလက်ကျန်တွေနဲ့
အသက်ဆုံးတိုင်ချစ်နေလို့ပါပဲ

အခုတော့-----အသဲကိုမှထိုးကျွေးခဲ့တော့
ငါ့မှာ.....အသက်ငွေ့ငွေ့ပဲကျန်တော့တယ်......
အသဲခွဲသူရေ....

စေတနာဟူသည် လူတိုင်းနှင့် တန်ပါသည်။

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အလွန်ပင် စေတနာ ဖြူစင်စွာဖြင့် ပြုမူပြောဆို နေထိုင်သည်ကို တွေ့ရဖူးပါသည်။ သူသည် အရာရာကို စေတနာ အပြည့်ဖြင့် ရှုမြင်သုံးသပ် လုပ်ကိုင်ပြောဆိုလေ့ ရှိသူတစ်ဦးဖြစ်သည်။
သူ့ဆီမှာ အကြောင်းတစ်ခုခုရှိ၍ သွားရောက်တွေ့ဆုံလျှင် အယုတ်အလတ် အမြတ်မရွေး စိတ်ကျေနပ်စွာ ပြန်ခဲ့ကြရသည်ချည်း ဖြစ်ပါသည်။ နံနက်မိုးလင်း မျက်နှာသစ်ပြီးသည်နှင့် သူသည် ဘုရားရှိခိုး၊ ပရိတ်ကြီးတစ် ဆယ့်တစ်သုတ်ကို ရွတ်၍မေတ္တာပို့ ခြင်းပြုသည်။ သူ၏မေတ္တာပို့ပုံက အများသူငါ မေတ္တာပို့ပုံမျိုး မဟုတ်ပါ။ သူ့အထက်ရှိ အဆင့်ဆင့်သော ပုဂ္ဂိုလ်တွေ၊ သူ့မိတ်ဆွေတွေ၊ သူ့လုပ်ဖော် ကိုင်ဖက်တွေအားလုံးကို တစ်ဦးချင်း အမည်တွေကို ရွတ်ဆို၍ မေတ္တာပို့သည်။ ရုံးမတက်မီအိမ်သို့ လာရောက်သမျှ ဧည့်သည်တွေကိုသူ့ Break Fast များဖြင့် ဧည့်ဝတ်ပြုသည်။ လာ၍ပေးသော လက်ဆောင်တွေကို ဘုန်းကြီးကျောင်းသို့ ကာယကံရှင်ကိုယ်တိုင် သွားရောက်လှူဒါန်းစေသည်။

Show/Hide

Wednesday, May 26, 2010

သေရွာသွားမယ့် PASSPOST

ချစ်သူ....မရေရာတဲ့ကြင်နာမှုတွေနဲ့
ရင်ခုန်မှုတွေ အထမြှောက်အောင်
တစ်ချက်သော ဆွဲဆောင်မှုနဲ့
တစ်သက်လုံး သိမ်းသွင်းလိုက်တာလား
နှလုံးသားအနေခက်အောင်တော့
ဆိုးဆိုးရွားရွားကြီး မလုပ်လိုက်ပါနဲ့
ရိုးရိုးသားသား ချစ်ခဲ့လို့ပါ...........

ချစ်သူ......မုန်းဖို့အစဉ် ကြိုးစားတိုင်းလဲ
ရုန်းလို့ ပင်မရတဲ့နှောင်ကြိုးက
တိုးလို့ ပင်ရစ်တွယ်နေတော့
ရှုံးဖို့ အစဉ်ဖြစ်လာရပြီပေါ့.....
ဒို့--------ရှုံးနိုင်ပါတယ်
ဒို့--------မမုန်းနိုင်ဘူးနော်.......

ချစ်သူရယ်.......
မာယာတွေနဲ့ မပြုစားလိုက်ပါနဲ့
ကုစားဖို့ ဆေးမရှိလို့
မုသားနဲ့ပဲ ပြောပြောပေးပါ
ချစ်တယ် ချစ်တယ်လို့!
ကြားချင်နေတယ် ဒါပေမယ့်
မ၀ံ့မရဲ ရင်ထဲကပြောလိုက်တယ်
အဟုတ်လားတဲ့!

ဖြစ်ပါစေ......
ချစ်တာတွေတကယ်ဖြစ်မယ်ဆိုရင်တော့
လစ်ဟာနေ နှလုံးသားကို အဆိပ်သွင်းလို့
သေမင်းကိုအကြောင်းကြားပြီး
သေဖို့ကြိုးစားလိုက်မယ်နော်........

ပျော်မှာပါ ငါဈာပနမှာ
မင်းမျက်ရည်ကျခဲ့ရင်ပေါ့......
ဆုတောင်းလိုက်မယ် နှောင်သံသရာမှာ
ငါပဲချစ်ရပါစေတော့
ကဲ.....ငါပဲရုးရပါစေတော့------

Tuesday, May 25, 2010

မေမေ့ အတွက်စာလေးတစ်စောင်


ဖေဖေ နဲ့ မေမေ့ကို အရမ်းလွမ်းတယ်။
ဖေဖေ နဲ့ မေမေ့ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်နော်။
ဟိုးရှေးရှေးတုန်းကပေါ့ ပန်းသီးပင်ကြီးတစ်ပင်နဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ပန်းသီးပင်ကြီးက ကလေးလေးကို အရမ်းချစ်သတဲ့လေ ။ ကလေးလေးဟာ ပန်းသီးပင်ကြီးနဲ့ နေ့တိုင်းပျော်ရွှင်စွာနဲ့ကစားကြတာပေါ့။ အပေါ်တက်ပြီး ပန်းသီးခူးစားလိုက် မောရင်အပင်ခြေရင်းမှာ အိပ်လိုက်နဲ့ အရမ်းပျော်ခဲ့ကြတာပေါ့။

Show/Hide

ရန်ကုန်မြို့ မင်္ဂလာဈေး မီးလောင်မှု ၂၄ မေလ ၂၀၁၀ ခုနှစ်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မင်္ဂလာဈေးတွင် ယနေ့မနက် ၈ နာရီခန့်က မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရှိရပါတယ်။ မင်္ဂလာဈေးရဲ့ လေးထပ်မြောက်မှာ မီးလောင်မှု ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းနှင့် ဈေးဖွင့်ချိန်မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ကြောင်း သိပါတယ်။ ယခုအချိန်အထ မီးစက်တိုက်လောင်ကြွမ်းနေကြောင်း သိရပါတယ်။

၁ နာရီ ၃၉ မိနစ် ...
မီးသတ်ကားတွေက ရေကို ကန်တော်ကြီး ကရ၀ိတ်နားမှာ ရေကိုစုပ်ယူနေတယ်။ ရေစုပ်နေတာ ၁၀ စီး ကျော်တယ် မင်္ဂလာဈေး အခုထိလောင်းနေတုန်းပဲ။ မိုးကရွာ မီးကလောင်းနေတဲ့ မင်္ဂလာဈေး။
နေ့သစ်မှ ကူးယူဖော်ပြပါသည်။

နင်စေရင်

Monday, May 24, 2010

မျှဝေချင်တဲ့ ပီတိလေး



ကျွန်မအရမ်းပျော်မိပါတယ်ရှင်။ ကြည်နူးမှုပီတိလေးတွေနဲ့ ဝေဖြာခဲ့ရတယ်။ အရင်ကတော့ ကြားခဲ့ဖူးတယ်လေ။ ရယူလိုက်ရလို့ ဖြစ်ပေါ်လာတဲ့ ပီတိထက် ပေးဆပ်လိုက်ရလို့ ဖြစ်လာတဲ့ ပီတိက ပိုမိုချိုမြိန်သတဲ့လေ။ ဒီနေ့ ကျွန်မတို့ရဲ့ ဘေးမှာရှိတဲ့ food center ဘက်ကို သူငယ်ချင်းတွေနဲ့အတူ လက်မှတ်သွားပြီးရောင်းခဲ့တယ်လေ။ ဒီလိုကူညီလိုက်ရမှ အဲဒီဒဿနလေးက တကယ်မှန်ပါလားလို့ သိခဲ့ရပါတယ်။

Show/Hide

Message of Joy

အီးမေးလ်ထဲက ရခဲ့တဲ့ မက်ဆေ့လေးပါ။ အရမ်းကြိုက်လို့ တင်လိုက်ပါတယ်။
















Sunday, May 23, 2010

Friday, May 21, 2010

ပတ်သက်ခွင့် ပြုပါ

ပါးစပ်ထဲကဓါးမတစ်ချောင်းမှသည်..

အော်.. ပါးစပ်.. ပါးစပ်..။ တော်တော် ထိန်းရခက်တဲ့ ပါးစပ်ပါပဲ။ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးက ဆုံးမသြ၀ါဒ ပေးခဲ့ပါတယ်..။ လူတွေကို
အကုသိုလ်အပေးဆုံးဟာ စိတ်ပြီးရင် နှုတ်ဆိုတဲ ပါးစပ်ပါပဲတဲ့။
ဟုတ်ပါတယ်နော်..။ မုန်းစေချင်ရင်လည်း ဒီပါးစပ်.. ချစ်စေချင်ရင်လည်း
ဒီပါးစပ်ပါပဲ..။ ဒီပါးစပ်ကြောင့် အများသူငါကို စိတ်ချမ်းသာအောင်
ပြောဆိုနိုင်သလို.. အများသူငါကို အကုသိုလ်တွေ ပွားစေအောင်
လုပ်နိုင်ပါတယ်နော်။ ဒီနှုတ်ကြောင့် အကုသိုလ်တွေ အများဆုံး
ဖြစ်စေနိုင်ပြီးတော့ အပါယ်သို့ ဆင်းသွားရတဲ့ သာဓကတွေ..
သံသာရာတလျောက်လုံးမှာ ခန္ဓာနဲ့ အဆမတန်အောင် ပေးဆပ်သွားရတဲ့ သာဓကတွေ
အများကြီးပါပဲ။ ဒါ့ကြောင့်လည်း ၀စီဆိုတဲ့ နှုတ်လေးကို ထိန်းစေချင်တာပါ။

Show/Hide

ဘ၀၏ သဘော

လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ကျော်ကထုတ်ဝေခဲ့တဲ့ ဆရာတက် တိုးရဲ့ “ကျွန်တော့်အတွေးအခေါ်မှတ်စုများ” စာအုပ်ဟာ အင်မတန်မှ နာမည်ကြီးခဲ့ပါတယ်။ အဲဒီစာအုပ် အခန်းသုံး “ဘ၀၏သဘော” မှ ကောက်နုတ်ချက်များကို ဝေမျှလိုက်ပါ တယ်။

သေခြင်းတရားကို ပုထုဇဉ်တိုင်း ကြောက်သည်။ မကြောက်ဟု ပြောသူသည် မုသာဝါဒီမျှသာ ဖြစ်ချေသည်။ သုံးသပ်ဆင်ခြင်မှုမရှိဘဲ အရမ်းကြောက်နေခြင်းသည်မကောင်း။ အရမ်းမဲ့ မကြောက်ဘဲ နေခြင်းသည်လည်း မကောင်း။ ဘ၀အမြင်မရှိသမျှ ဘ၀၌ နေရကျိုးမနပ်ပေ။ ဘ၀အမြင်ထဲတွင် သေခြင်းတရားကို သုံးသပ်မှုလည်းပါသည်။ နေခြင်းသည် သေခြင်း၏ ရှေ့ပြေးအစီအစဉ်ပင်ဖြစ်၏။

ငါ့အမြင်မှာကား ဘ၀သည် စစ်စစ်အားဖြင့် အဓိပ္ပါယ်မရှိ။ နေခြင်းနှင့် သေခြင်းတို့သည်အခြေ အနေသာ ခြားသည်။ အဓိပ္ပါယ်မရှိခြင်း၌ တူကြ၏။ ဘ၀ကို အဓိပ္ပာယ်သွင်းပေးနိုင်မှသာ အဓိပ္ပာယ်ရှိလာနိုင်မည်။


Show/Hide

Wednesday, May 19, 2010

မမေ့နိုင်သော နေ့ကလေး တစ်နေ့


လူတိုင်းမှာ မမေ့နိုင်စရာ နေ့ရက်လေးတွေ ရှိတတ်ကြပါတယ်။ မမေ့နိုင်စရာနေ့ရက်ဆိုတာ ပျော်စရာလည်း ဖြစ်နိုင်သလို စိတ်ညစ်စရာလည်း ဖြစ်နေတတ်ပါတယ်။ တစ်ချို့က ပျော်စရာကောင်းလွန်းလို့ မမေ့နိုင်တာ။ တစ်ချို့က စိတ်ညစ်စရာကောင်းလွန်းလို့ မမေ့နိုင်တာ။ လူတိုင်းလူတိုင်းမှာ ပျော်လို့ပဲဖြစ်ဖြစ် စိတ်ညစ်စရာကောင်းလွန်းလို့ပဲ ဖြစ်ဖြစ် မမေ့နိုင်တဲ့ရက်လေးတွေ ရှိနေကြပါတယ်။ စိတ်ညစ်လွန်းလို့ မမေ့နိုင်တဲ့ရက်တွေအကြောင်းတော့ မပြောတော့ပါဘူး။ အခု ကျွန်မအရမ်းပျော်ရွှင်ခဲ့ရတဲ့ နေ့လေးအကြောင်း ပြောချင်ပါတယ်။
Show/Hide

အပြောနဲ့ အလုပ်

ရန်ကုန်ကိုခဏရောက်နေတဲ့
နိင့် ဘကြီးတစ်ယောက် အစစအရာရ အလိုမကျဖြစ်နေလေရဲ့ ...

မင်းတို့  ရန်ကုန်က ကွာ...........
ဆိုပြီး အစချီကာ ဘိုးတော်ဘုရား အမည်ပေး၍မြို့အမည်ပြောင်းခဲ့ သည်မှ
ယနေ့ထိရောက်အောင် အပေါင်း ကို အာမညောင်းနိင်ပဲ
အော်ဟစ်ကာ ပြောဆိုနေလေရဲ့ ... ....

ပြောမယ်ဆိုလည်းပြောချင်စရာ ....
မနက်က မုန့်စားမယ်ပြောပြီး ဈေးဘက်ကိုတစ်ယောက်တည်းသွားတော့ ..

ွကုလားမုန့် ရောင်းသောဆိုင်က မလိုင်ခဲ ဝယ်လာခဲ့ သည် ။

ွနွားနို့ ရောင်းသောဆိုင်မှ နွားနို့ ဝယ်လာခဲ့ သည် ။

အိမ်မှ အမေနှင့် အပြန်တွင်တွေ့ပြီး အတူတူပြန်လာခဲ့ သည် ။

Show/Hide

အချစ်ဦးမို့ပါ

Tuesday, May 18, 2010

အောင်မြင်ရေး နည်းလမ်းများ

အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။ အဲဒါတွေကတော့-

၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း

Show/Hide

မွေးနေ့ အမှတ်တရ

singapore အမှတ်တရ

singapore အမှတ်တရ

singapore MRT ပေါ် အမှတ်တရ

singapore လေဆိပ် အမှတ်တရ

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ University Of Nursing - Mandalay Alumni Association အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေး။

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ University Of Nursing - Mandalay Alumni Association အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေး။

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ University Of Nursing - Mandalay Alumni Association အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေး။

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ University Of Nursing - Mandalay Alumni Association အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေး။

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ ကျွန်တော်တို့ အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေးကို အောင်မြင်စွာ ကျင့်ပနိုင်ခဲ့ပါတယ်။ ဒီလို တွေ့ဆုံပွဲလေးကို ဖြစ်မြောက်အောင် ၀ိုင်းဝန်း ဆောင်ရွက်ကြတဲ့ အစ်ကို အစ်မ များ၊ တက်ရောက်လာ ကြတဲ့ ဆရာမ များ၊ ညီအစ်ကို မောင်နှများ၊ ဧည့်သည်တော်များအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ နောင်နှစ်မှာလည်း ဒီနှစ်လိုပဲ ပြန်ဆုံဖို့ မျှော်လင့်ပါတယ်။

ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲ


၂၀၁၀ ခုနှစ် မေလ ၇ ရက်နေ့မှာ University Of Nursing - Mandalay Alumni Association အသင်းရဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲလေး။

မွေးနေ့ မှာ သူငယ်ချင်းတွေနဲ့ မုန့်တီသုပ်လုပ်စားကြတယ်လေ။

မွေးနေ့ မှာ သူငယ်ချင်းတွေနဲ့ မုန့်တီသုပ်လုပ်စားကြတယ်လေ။

မွေးနေ့ အမှတ်တရ

မွေးနေ့ အမှတ်တရ

မွေးနေ့ အမှတ်တရ

my video

Monday, May 17, 2010

my beautiful rose

Sunday, May 16, 2010

my blog logo

photo

Wednesday, May 12, 2010

အစိမ်းရောင်မြစ်သို့ တမ်းချင်း

စိမ်းညို့ကွေ့ကောက်သော မြစ်များမှ

အရောင်မထွက်တဲ့ကျောက်တုံးတစ်ခုကို

တွေ့သောအခါ

ငါ့နှလုံးသားကို သတိရပါလေ။


ဒိုင်ယာရီကြား

ကူးယူရေးမှတ်ထားခဲ့တဲ့

ငါ့မိတ်ဆွေရဲ့ ကဗျာအပိုင်းအစ

အခုတော့

မင်းအတွက် ငါ့ရည်ညွှန်းချက်ဖြစ်ခဲ့ရပြီ။


သူ့ကျောပေါ်က စီးဆင်းသွားတဲ့

ရေအလျဉ်တိုင်းဟာ

သူ့မျက်ရည်တွေပါပဲလို့

အဓိပ္ပါယ်ဖွင့်ဆိုခဲ့လျှင်တော့

မြစ်တစ်မြစ်ဆိုတာ

ကျိန်စာသင့်တဲ့နေ့တွေကိုပဲ

သူပျော်ရွှင်လိမ့်မယ်။


အားနာစရာ

မလိုပါဘူးကွယ်

မင်းလှော်ခတ်ဖူးခဲ့တဲ့

ငါ့နှလုံးသား ရာဇ၀င်မြစ်ကျဉ်းတစ်လျှောက်

အငွေ့ပျံမှုတွေနဲ့

သွေ့ခြောက်ခဲ့ပြီမဟုတ်လား။

အချည်းနှီးတောင်တန်းတွေဆီ

အထီးတည်းထွက်သွားရတဲ့အခါ

ငါ ဖြေသိမ့်နိုင်စရာ တစ်စုံတစ်ရာ

မင်းဆီက ပါခဲ့ပြီမို့။


အားနာစရာ

မလိုပါဘူးကွယ်။

တို့နှစ်ယောက်

ဗာဒံရိပ်ကလေးဝေးပြီး၊ လူသူရှင်းတဲ့

ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး

ဟောဒီလို မေလရဲ့နေ့လယ်ခင်းမှာပေါ့

လူးလွင့်နေတဲ့တံလျပ်တွေကို ငေးကြည့်ရင်း

တိတ်ဆိတ်စကားမဲ့ငြိမ်သက်စွာ

နာရီတွေလောင်ကျွမ်းခဲ့ရဲ့။


ငါ့မှာ

တစ်စုံတစ်ရာ အကောင်းစားစိတ်ကူးစိတ်သန်းတွေ

ရှိနေတယ်ဆိုပါတော့

အဲဒါတွေကို အကုန်လုံးကို မင်းယူ။


ငါ့မှာ

ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့

နှလုံးသားအသစ်တစ်ခု

ရှိနေတယ်ဆိုပါတော့

အဲဒါကိုလည်း မင်းပဲယူ။


ငါ့ဖောက်ခဲ့ပြီးသမျှ

လမ်းအားလုံးပေါ်မှာ မင်းလျှောက်သွား

ငါရသင့်ရထိုက်သမျှ

လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ

ငါ့ကို ဦးညွှတ်ဂုဏ်ပြုမယ့်

တစ်စုံတစ်ယောက်ရဲ့ဦးခေါင်းကိုလည်း

မင်းပဲပွတ်သပ်

မင်းပဲ မြင့်မြတ်နိုင်ပါစေ။


အဲဒီ ငါ့လက်ဆောင်တွေအားလုံးဟာ

တစ်စုံတစ်ရာ တန်ဖိုးမနည်းခဲ့ဘူးဆိုတာ

မင်းအသိပါပဲ။


လူတစ်ချို့ကတော့

မင်းဟာ

ငါ မက်နေတဲ့ အိပ်မက်ကလေးတစ်ခုတဲ့

တကယ်တော့.....မင်းဟာ

ငါ မပိုင်ဆိုင်လိုက်ရတဲ့

အပြာရောင်နေ့တစ်နေ့ပါကွယ်

ငါကတော့ အအိပ်မဲ့ညတွေကြား

အတိတ်နဲ့အနာဂတ်တွေကို စားသုံးရင်း


မျှော်လင့်ခြင်းအိပ်မက်တွေနဲ့

အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို

အဆုံးရှုံးခံနေရတဲ့လူတစ်ယောက်ပါကွယ်။


တို့.......တစ်ဦးနဲ့တစ်ဦး

ပေါင်းစည်းညီညွှတ်ခဲ့ဖူးရဲ့

တို့.....တစ်ဦးကိုတစ်ဦး

အရူးအမူးလေးမြတ်ကြည်ညိုခဲ့ဖူးရဲ့

တို့......တစ်ဦးပေါ်တစ်ဦး

ပေးဆပ်မှုနဲ့ရယူခဲ့ဖူးရဲ့


အခုတော့ အဲဒီတရားတွေ

(ဘယ်သူမှ ကြားဝင်မနှောက်ယှက်ဘဲ)

သူစိမ်းတွေလိုဝေးသွားခဲ့ကြပေါ့။


သူဝတ်ထားတဲ့အရေခွံကို

သူစွန့်ခွါရတဲ့အခါ

မြစ်တစ်မြစ်ဆိုတာကတော့

မြွေတစ်ကောင်လို မပျော်ရွှင်နိုင်တော့ဘူးပေါ့။


အားနာစရာ

မလိုပါဘူးကွယ်


ငါ ပိုင်ဆိုင်တဲ့

လောကရဲ့ပညတ်မှန်သမျှနဲ့

ငါ့အတွေးတွေအားလုံးကိုလည်း

မင်းပဲပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။


ဟင်းလင်ပြင်တွေကိုတော့

ငါကိုယ်တိုင်ပဲ

ပိုင်ဆိုင်ဆဲပါပဲလေ။


ပိုင်စိုးဝေ

ဟန်သစ်၊ ဖေဖော်ဝါရီ၊ ၁၉၉၁။