လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Monday, June 21, 2010

နာကျင်စေသူနဲ့ ကြင်နာသူ



(၁)
အမြဲတမ်း မင်းကို နာကျင်ခံစားရအောင်လုပ်နေသူတွေ
ဘာဖြစ်လို့ လုပ်နေကြတာလဲဆိုတော့
ဘယ်လောက်နာကျင်အောင်လုပ်လုပ်
မင်း သူတို့ကို အမြဲတမ်း ချစ်နေမှာပဲဆိုတာ
သူတို့ မသိစိတ်က သိနေလို့ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် မင်းအချစ်က ခိုင်မြဲနေဆဲပဲ
ဘာကြောင့်လဲဆိုတော့
ချစ်သူက ပေးတဲ့နာကျင်မှုကို
မင်းက နှစ်သက်နေကြောင်း ပြနေလို့လေ။

မင်းက ခိုင်မြဲတဲ့အချစ်ကို
အဆက်မပြတ်
လှစ်ပြနေပြီဆိုရင်
(အမြဲတမ်း ရေလာမြောင်းပေးလုပ်နေရင်)
မင်းဟာ သူများတွေပေးတဲ့
နာကျင်မှုတွေကို ခံရတော့မယ်။Show/Hide

0 comments:

Post a Comment