လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Friday, June 4, 2010

အနာဂတ်တစ်ခုသို့ တမ်းခြင်း


ငါတို့ အကြိမ်များစွာ တွေ့ခဲ့ကြပေမယ့်

တစ်ခါမှ တကယ်မတွေ့ခဲ့ကြဘူး

မင်းက အပြင်လား

ငါက အတွင်းလား

ကာခြားထားတဲ့တံတိုင်းတွေနဲ့

ပစ္စုပ္ပန်က ယောင်ကိုင်းလာခဲ့

အရှေ့ခြေလှမ်း

အနောက်မျက်နှာမူ

တွေတွေဝေေ၀ ရှုပ်ရှုပ်ထွေးထွေး

ကုန်သွားတဲ့အတိတ်တွေက

ဗလာဟင်းလင်း ကျင်းလို့

တွေးရင်းတွေးရင် အတွေးကွန်ယက်ထဲ ၀ဲနေသလို

ကြည့်ရင်းကြည့်ရင် သူ့အကြည့်တွေထဲက

ရုန်းမထွက်နိုင်တော့တာပါ

ကြာလေကြာလေ

နှလုံးသားက သူ့ဆံနွယ်တွေလို

ပျော့ပြောင်းနူးညံ့လာခဲ့

ပြောရမယ်ဆိုရင်တော့

ဘာအနာဂတ်သစ်မှ

မတောင်းဆိုချင်တော့ဘူး။

0 comments:

Post a Comment