လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Friday, June 4, 2010

မှတ်ကျောက်စွဲမယ့် အချစ်*



ချစ်သူ.....တစ်စိမ့်စိမ့်တွေး
တသိမ့်သိမ့်ဆွေးနေတဲ့ငါ့ဘ၀မှာ
ဖြေမရတဲ့ဝေဒနာအလွမ်း
ကြေငြာစမ်းချင်လည်း
မရေရာတဲ့ဇာတ်သိမ်းခန်းမှာ
ဒဏ်ရာတွေနဲ့လွမ်းနေရအုံးမှာလား...ချစ်သူ

တနွယ်တနွယ်ရစ်ခဲ့တဲ့သံယောဇဉ်က
တကယ်တကယ် ချစ်ခဲ့တာမို့
မြဲမြံ့လှတဲ့ချစ်စကြိုးခွေ
သံယောဇဉ်ကို ဘာတွေနဲ့ဖြတ်တောက်မလဲ
မှတ်ကျောက်စွဲမယ့်ဒီအချစ်မျိုးကို
အပြစ်အငြိုးတွေနဲ့
ဖြတ်တောက်မလား

ဘယ်လိုနှုန်းထားတွေနဲ့ဖြတ်တောက်ဖြတ်တောက်
တနွယ်ရစ်ခဲ့တဲ့သံယောဇဉ်က
တကယ်ချစ်ခဲ့တာမို့
ချစ်သူ...ဒို့ကို
အမုန်းမပွားသင့်ပါဘူး........။
1.21.14.7(B)

2 comments:

သဒ္ဓါလှိုင်း said...

ကဗျာလေးကိုခံစားသွားပါတယ်ညီမရေ..။ ချစ်ရတဲ့သူနဲ့ အမြန်ဆုံနိုင်
ပါစေလို့ဆုတောင်းပေးပါတယ်နော်..။လာလည်တဲ့အတွက်ကျေးဇူးးးးးးးးးးး။

ခင်တဲ့
မသဒ္ဓါ

K-Lay said...

ပေးတဲ့ဆုနဲ့ပြည့်ပါရစေ မမရေ။ မမ ကိုကျေးဇူးတင်ပါတယ်။

ကေလေး

Post a Comment