
အဆုံးသတ်မှာ
ဥသြသံလေးက အခန်းတံခါး လာခေါက်တယ်
ညက နက်နေပြီ
ရွက်ကြွေတွေ ကျနေဆဲ
ဒီအချိန်ဆို ဒီရေမွှေးနံ့လေးက ပျံလွင့်နေခဲ့တာပါ
ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့
ကြုံးဝါးခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်
အတိတ်ဆိုတာ အတိတ်လိုပဲ
တိတ်ဆိတ်သွားခဲ့တယ်
သွားခဲ့တဲ့ လမ်းတွေ ဘယ်လောက်ရှည်ရှည်
မငြီးမငြူ ဖြစ်နေရမှာလေ
ပြောခဲ့တဲ့စကားတွေ မပျင်းမရိ
ဆက်နားထောင်နေရမှာလေ
လွင်နေတဲ့အပြုံးတွေ
နုနေတဲ့ အပြုံးတွေ ကြွေလွင့်သွားခဲ့ပါတယ်
မြွေတွေ အရေခွံလဲလို့ ရသလို
ခံစားချက်တွေကို အသစ်လဲပစ်လိုက်ချင်တယ်
သတိရခြင်းတွေက နာတာရှည်ရောဂါတစ်ခုလို
နှိပ်စက်နေပါတယ်
ဟာနေတဲ့ ရင်ဘက်ကို ဘယ်ဟာတွေနဲ့ ကုစားမလဲ
မပြောဖြစ်လိုက်တဲ့ စကားတွေ ရှိသေးတာမို့
ဇာတ်လမ်းကို ဒီလိုလေး အဆုံးမသတ်လိုက်ချင်ဘူး
0 comments:
Post a Comment