
ချစ်သူ....နှလုံးသားတည့်တည့်
အမုန်းမြှားတစ်စင်းနဲ့
ပစ်လွတ်လိုက်တာလား...?
နာကျင်အောင်စိုက်ဝင်ခဲ့တော့
ဒဏ်ရာဟာ...ပျောက်မယ်မထင်တော့ပါဘူး
သို့သော်လည်း...ချစ်သူ
အသဲစွဲအောင်ချစ်ခဲ့တာမို့
နာကျင်အောင်စိုက်ဝင်ခဲ့ပါစေ....
အမုန်းနဲ့ပစ်ခွင်းတဲ့မြှား
မတားတော့ပါဘူး
တကယ်လို့သာ....ချစ်သူသာပျော်မယ်ဆိုရင်
ဒီနှလုံးသား စုတ်ပြတ်ပါစေ..
အမုန်းမြှားကို ရင်မှာစိုက်ပြီး
သောကအိမ်ငယ်ထဲမှာ
အလွမ်းတွေပြည့်လျှံစွာဖြင့်
နှလုံးသားဒဏ်ရာ သက်သာစေဖို့
အကြိမ်ကြိမ်ဆုတောင်း
ငယ်ချစ်ဟောင်းကို
အမြဲတမ်းတ
လွမ်းနေအုံးမှာပါ.....ချစ်သူ။
1.21.14.7(b)
0 comments:
Post a Comment