လာလည်ကြသူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေရှင်

Wednesday, October 6, 2010

18 rules for happy life

အီးမေလ်းမှ ရတာလေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့သော ဘ၀လေးများ ပိုင်ဆိုင်ကြပါစေ...
Every Little Smile can touch Somebody's heart May U find hundreds of reasons to smile today and May U be the reason for someone else to smile always!


















Friday, September 17, 2010

ကျွန်မဘ၀ ရင်ခုန်သံ အပိုင်းအစများ




ရင်ခုန်နွေးထွေးစွာ ပျော်ရွှင်ခဲ့ရတဲ့ ကာလလေးတွေ လူတိုင်းကြုံခဲ့ဖူးကြမှာပါ။ အဲဒီလိုပဲ ကျွန်မရဲ့ ပျော်ရွှင်ခဲ့ရတဲ့ အချိန်လေးတွေကို ပြန်စဉ်းစားတိုင်း ရင်ခုန်နွေးထွေးစွာ ခံစားနေရဆဲပါ။ ဒါပေမယ့် မမေ့နိုင်တဲ့ အဲဒီရင်ခုန်သံတွေက အရမ်းဖြူစင်ခဲ့ပါတယ်။
တချို့ကတော့ ထီပေါက်လို့ ရင်ခုန်ခဲ့တယ်။ တချို့ ကတော့လည်း စာမေးပွဲအောင်လို့၊ တချို့ကတော့လည်း ချစ်သူဆီက အဖြေရလို့၊ တချို့ ကတော့လည်း ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ဖြစ်ခွင့်ရလို့၊ တချို့ ကတော့လည်း နေရာဒေသ အသစ်အဆန်းကို သွားခွင့်ကြုံလို့ စသဖြင့် အမျိုးမျိုးပေါ့။

ကျွန်မရဲ့ မေ့မရတဲ့ ရင်ခုန်သံကတော့ အထက်တန်းကျောင်းသူ ဘ၀ အချစ်ရဆုံး သူငယ်ချင်းနဲ့ ပတ်သက်နေပါတယ်။ သူနဲ့ စတွေ့တာကတော့ အလယ်တန်း စ,တက်ကတည်းကပါ။ သူရဲ့ နာမည်ကို သိကတည်းက သူကို့ ခင်မင်ရင်းနှီးနေခဲ့ တာပေါ့။ ကျွန်မ သိပ်ကြိုက်တဲ့ ကာတွန်း ဇာတ်ဆောင်တစ်ယောက်ရဲ့ နာမည်နဲ့ တူနေတာကိုး။ ဒါကြောင့် သူလိုအပ်ရင် အမြဲတမ်းကူညီချင်နေခဲ့တာလေ။ ဒါပေမယ့် သူက ဘယ်သူ့ဆီကမှ အကူအညီမလိုအောင် အစစအရာရာ ပြည့်စုံသူ တစ်ယောက်လေ။Show/Hide

ယနေ့ခေတ်မှာ အရမ်းကို ကူးစက်မှု များလာတဲ့ အသည်းရောင် အသားဝါ B ရောဂါအကြောင်း

အသည်းရောင်အသားဝါ B ဆိုတာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် (Hepatitis B Virus, HBV) ကြောင့် ဖြစ်ပွားရတဲ့ ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူအပါအ၀င် အဆင့်မြင့်သတ္တ၀ါများရဲ့ အသည်းကို ကူးစက်နိုင်ပြီး အသည်းရောင်ယမ်းခြင်းကို ဖြစ်စေပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ ရှိရှိသမျှသော လူဦးရေတွေ အားလုံးရဲ့ သုံးပုံတစ်ပုံခန့် ဖြစ်တဲ့ လူပေါင်း သန်းနှစ်ထောင်ကျော်မှာ အသည်းရောင်အသားဝါ B ဗိုင်းရပ်စ် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီအထဲမှာမှ ၆ပုံ ၁ပုံ ဖြစ်တဲ့ သန်း ၃၅၀ သော လူသားများဟာ နာတာရှည်ပိုးသယ်ဆောင်သူများ (chronic carriers) များ အဖြစ် တည်ရှိနေကြတယ်လို့ သိရပါတယ်။

2002 estimate of disability-adjusted life year for hepatitis B per 100,000 inhabitants.


no data ≤ 10 10–20 20–30 30–40 40–50 50–80

80–100 100–120 120–150 150–200 200–500 ≥ 500Show/Hide

Wednesday, July 28, 2010

ဘာလဲ အချစ်ဆိုတာ



လူမှန်ရင် အချစ်နဲ့ မကင်းကြပါ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်လိုဘ၀မျိုးမှာပဲ ရှင်သန်ရှင်သန်၊ အချိန်တန်လာရင် အချစ်ဆိုတဲ့ ပန်းလေးက ပွင့်လန်းလာတတ်စမြဲပါ။ ကလေးဘ၀အရွယ် လူလားမမြောက်ခင်တုန်းကတော့ မိဘချစ်၊ သူငယ်ချင်းချစ်၊ ဆရာချစ်…အချစ်တွေ ရှိခဲ့ကြတာပဲ။ ဘာလဲ အချစ်ဆိုတာကတော့ အဲဒီအချစ်တွေကို မဆိုလိုပါဘူး။ အရွယ်ရောက်လို့လာတဲ့အခါမှာတော့ စိတ်ကူးလေးတွေ ယဉ်လာကြတယ်။ လူတစ်ယောက်ရဲ့ အကြိုက်အတိုင်း ကိုယ့်ချစ်သူကို စိတ်ကူးထဲမှာ ပုံဖော်လာကြတယ်။ အချစ်သီချင်းလေးတွေ ကြိုက်လာတယ်။ ဆိုတတ်လာတယ်။ အချစ်ကဗျာလေးတွေ ကြိုက်လာတယ်။ အချစ်ကဗျာလေးတွေ ရေးလာတယ်။ ပြီးတော့ ရည်းစားလေး သို့မဟုတ် ရည်းစားလေးတွေ ထားလိုက်ကြတယ်။ “အချစ်”ဆိုတဲ့ စကားက ပါးစပ်ဖျားကို ရောက်လာခဲ့ပြီပေါ့။

ပထမဆုံး အချစ်နဲ့ အဆင်ပြေတဲ့သူတွေ ပြေကြတယ်။ အဆင်ပြေတဲ့သူတွေက အချစ်ဆိုတာကို ချစ်စရာလေးလို ကိုးကွယ်တော့တာပေါ့။ သူတို့ကို “အချစ်ဆိုတာ ဘာလဲ” သွားမေးကြည့်ရင် အချစ်ဆိုတာ ကြည်နူးစရာပေါ့၊ ပျော်ရွှင်စရာပေါ့လို့ ဖြေကြလိမ့်မယ်။ အချစ်နဲ့ အဆင်မပြေတဲ့သူ၊ အသည်းကွဲသူတွေကတော့ အချစ်ဆိုတာကို ရွံမုန်းစရာ၊ ကြောက်စရာလို့ သဘောထားကြမယ်။ အသည်းကွဲတာအတွက် အကြောင်းပြစရာ ခိုင်ခိုင်လုံလုံ ရှိနေသေးရင်တော့ “အချစ်ဆိုတာ ဘာကြီးမှန်း မသိပါဘူး”လို့ ဖြေတတ်ကြတယ်လေ။

Show/Hide

Monday, July 12, 2010

ချစ်သူ




မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရတဲ့အခါ
တိမ်များကို မြင်နေရပါသည်။...

အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။...

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်ပါသည်။...

ချစ်သူရေ
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ...
ချစ်သူသာဖြစ်၏။...

Thursday, July 8, 2010

ဓားဝှက်ထားတဲ့ ခြေဖ၀ါး


(ကောင်းကင်ကို ရဲ့ ကဗျာလေးပါ။ သဘောကျလို့ တင်လိုက်ပါတယ်..)
အစကတော့
သောနုတ္ထိုရ်လို အကြည့်
ဒုက္ခသည် ဥပဓိနဲ့ ။

ကိုယ့်အတ္တကိုယ် မျက်နှာလွှဲ
ဖေးကူလက်တွဲ လိုက်မှ
အပြုံးတချက် မပျက်
လူစားလဲရက်တာ နာလိုက်တာ။

အစကတော့
မိတ်ဆွေထက်ပိုတဲ့ အပြုံး
ပန်းပွင့်မျက်နှာဖုံးနဲ့ ။

ကိုယ့်သံသယတွေကို သန့် ရှင်း
ခင်မင်မှုတွေနဲ့ တံတားခင်းပေးလိုက်မှ
ဓားသွားနဲ့ ချနင်း
ငါရင်းလိုက်ရတာ နာလိုက်တာ။

ကောင်းကင်ကို

Sunday, June 27, 2010

ကြေကွဲည




အဆုံးသတ်မှာ
ဥသြသံလေးက အခန်းတံခါး လာခေါက်တယ်
ညက နက်နေပြီ
ရွက်ကြွေတွေ ကျနေဆဲ
ဒီအချိန်ဆို ဒီရေမွှေးနံ့လေးက ပျံလွင့်နေခဲ့တာပါ

ဘ၀ကို အဓိပ္ပာယ်ရှိတယ်လို့
ကြုံးဝါးခဲ့တဲ့အချိန်တွေ ရှိခဲ့ဖူးတယ်
အတိတ်ဆိုတာ အတိတ်လိုပဲ
တိတ်ဆိတ်သွားခဲ့တယ်

သွားခဲ့တဲ့ လမ်းတွေ ဘယ်လောက်ရှည်ရှည်
မငြီးမငြူ ဖြစ်နေရမှာလေ
ပြောခဲ့တဲ့စကားတွေ မပျင်းမရိ
ဆက်နားထောင်နေရမှာလေ
လွင်နေတဲ့အပြုံးတွေ
နုနေတဲ့ အပြုံးတွေ ကြွေလွင့်သွားခဲ့ပါတယ်

မြွေတွေ အရေခွံလဲလို့ ရသလို
ခံစားချက်တွေကို အသစ်လဲပစ်လိုက်ချင်တယ်
သတိရခြင်းတွေက နာတာရှည်ရောဂါတစ်ခုလို
နှိပ်စက်နေပါတယ်

ဟာနေတဲ့ ရင်ဘက်ကို ဘယ်ဟာတွေနဲ့ ကုစားမလဲ
မပြောဖြစ်လိုက်တဲ့ စကားတွေ ရှိသေးတာမို့
ဇာတ်လမ်းကို ဒီလိုလေး အဆုံးမသတ်လိုက်ချင်ဘူး

Monday, June 21, 2010

နာကျင်စေသူနဲ့ ကြင်နာသူ



(၁)
အမြဲတမ်း မင်းကို နာကျင်ခံစားရအောင်လုပ်နေသူတွေ
ဘာဖြစ်လို့ လုပ်နေကြတာလဲဆိုတော့
ဘယ်လောက်နာကျင်အောင်လုပ်လုပ်
မင်း သူတို့ကို အမြဲတမ်း ချစ်နေမှာပဲဆိုတာ
သူတို့ မသိစိတ်က သိနေလို့ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် မင်းအချစ်က ခိုင်မြဲနေဆဲပဲ
ဘာကြောင့်လဲဆိုတော့
ချစ်သူက ပေးတဲ့နာကျင်မှုကို
မင်းက နှစ်သက်နေကြောင်း ပြနေလို့လေ။

မင်းက ခိုင်မြဲတဲ့အချစ်ကို
အဆက်မပြတ်
လှစ်ပြနေပြီဆိုရင်
(အမြဲတမ်း ရေလာမြောင်းပေးလုပ်နေရင်)
မင်းဟာ သူများတွေပေးတဲ့
နာကျင်မှုတွေကို ခံရတော့မယ်။Show/Hide

Thursday, June 17, 2010

Monday, June 14, 2010

Saturday, June 12, 2010

ကြယ်တွေဆုံတဲ့ ည

ဒေးဗစ် လေပေါ် ပျံနိုင်သလား

ဒေးဗစ်ကော်ပါဖီးရဲ့ ကမ္ဘာကျော် မျက်လှည့်ပြကွက်တစ်ခု ဖြစ်ပါတယ်။ ဘယ်ပုံဘယ်နည်းနဲ့ အဲဒီလို လုပ်နိုင်တာတော့ မသိဘူး။ မျက်စိလှည့်စားတယ်ဆိုရင်တောင် တော်တော် အံ့သြစရာ ကောင်းပါတယ်။

Thursday, June 10, 2010

Wednesday, June 9, 2010

*အသက်ဆက်မယ့် phone ကလေး*

ခွဲခွာမယ့်ရက်တွေ နီးကပ်လာတော့
စိုးရိမ်ခြင်းစိတ်တွေ ပြည့်နှက်လာပြီပေါ့....
မောင်ရယ်...ခွဲသွားမဲ့အစား
ဒီလူ့ကိုသတ်သွားတာမှ
နေသာရှိအုံးမယ်.......

အခုတော့...ခွဲခွာခြင်းရဲ့နောက်မှာ
မျက်ရည်စတွေလိုက်ပါနေတော့
ချစ်တယ်ချစ်တယ် ပြောတဲ့စကားလုံးတိုင်းဟာ
အဆိပ်သင့်တဲ့ငှက်တစ်ကောင်
အတောင်ပံတစ်စုံ ကျိုးသွားသလို
ဘာမှ...ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး...

မောင်ရယ်...မရက်စက်လိုက်ပါနဲ့နော်
မောင်က...မ ဘ၀အတွက်
မရှိမဖြစ်မို့ ဖြစ်နိုင်တယ်ဆို
တစ်ခုသာပြောလိုက်ချင်တယ်
မထားခဲ့လိုက်ပါနဲ့လို့ .....

မောင်ရယ်...ဖျောက်ဖျက်လို့မရတဲ့
ရင်ခုန်သံတိုင်းမှာ
မောင်ရဲ့အပြုံးလေး.....ကို
တောင်တနေတော့
တစ်ခါတစ်ခါ
သူကြားအောင်ပြောပြောနေရတယ်
အပြုံးပိုင်ရှင် မောင်တစ်ယောက်
ပြန်လာမှာလို့လေ......!

ဲပြန်လာပါမောင်ရယ်
တစ်ယောက်သောဘ၀ဟာ...
အမှောင်ညတွေ ဖြတ်ကူးရသလို
ဂေါက်တောက်တောက်နဲ့မို့
ညညဆိုထထအော်အော်နေတယ်
မောင်...မောင်လို့....ပေါ့

မောင်ရယ်....ဖြစ်နိုင်ရင် အာခံတွင်းမှာ
ဖွဖွလေး ၀ှက်ထားချင်တယ်
အဝေးတစ်နေရာ
ပြေးထွက်မသွားအောင်လို့လေ....

ဒါပေမယ့်....ဖြေသိမ့်စကား
ရင်ထဲမှာဝင်လာခဲ့တယ်
မပြည့်စုံတဲ့ဘ၀မှာ
မတွေ့ဆုံရတာ
မဆန်းဘူးတဲ့လေ......

မှန်ပါတယ်...ဒါပေမယ့်
အရာရာကို ချစ်တဲ့စိတ်
ခွင့်လွှတ်စိတ်နဲ့
မောင်ရယ်ထားခဲ့ပါတော့
တားကာမနေတော့ဘူး
ဒီမှာရူးလဲရူးပါစေတော့
နောက်ကိုလှည့်မကြည့်ပါနဲ့တော့


မောင်ရယ်...သတိရရင်တော့
ဖုန်းလေးကိုအသက်သွင်းထားလိုက်မယ်နော်
ဖုန်းသံကိုနားစိုက်ထောင်ရင်း.....
ကဲ..ငါအတွက်တော့အသက်ဆက်ဖို့
ဖုန်းတစ်လုံးသာရှိခဲ့တာပါလား
မောင်ရယ်...ကျေနပ်ပါတယ်
ကျေနပ်နေမယ်နော်...

Monday, June 7, 2010

ဝေခွဲမရသော အဝေးများ



ဘယ်ကနေ ဘယ်အထိ ဖွင့်ထားမလဲ

ဘယ်ကနေ ဘယ်အထိ ပိတ်ထားမလဲ

အကုန်လုံးဖွင့်ထားလို့လဲ မဖြစ်သေးဘူး

အကုန်လုံးပိတ်ထားပြီးလဲ မနေတတ်ဘူး

ဆန္ဒကို ခေါင်းဆောင်လို့လဲ မဟုတ်သေးဘူး

ဘ၀ကို ကိုင်ပေါက်လို့လဲ ထူးမှာ မဟုတ်ဘူး

ခပ်ပေါ့ပေါ့တွေးပြန်တော့လဲ မကောင်းဘူး

လေးလေးပင်ပင်ဆိုတော့လဲ သွေးတိုးမယ်

နောက်ပြန်ဆုတ်ရင်လည်း မာနက လက်မခံဘူး

ရှေ့တိုးရအောင်လဲ အားက မရှိဘူး
Show/Hide

Sunday, June 6, 2010

Friday, June 4, 2010

မှတ်ကျောက်စွဲမယ့် အချစ်*



ချစ်သူ.....တစ်စိမ့်စိမ့်တွေး
တသိမ့်သိမ့်ဆွေးနေတဲ့ငါ့ဘ၀မှာ
ဖြေမရတဲ့ဝေဒနာအလွမ်း
ကြေငြာစမ်းချင်လည်း
မရေရာတဲ့ဇာတ်သိမ်းခန်းမှာ
ဒဏ်ရာတွေနဲ့လွမ်းနေရအုံးမှာလား...ချစ်သူ

တနွယ်တနွယ်ရစ်ခဲ့တဲ့သံယောဇဉ်က
တကယ်တကယ် ချစ်ခဲ့တာမို့
မြဲမြံ့လှတဲ့ချစ်စကြိုးခွေ
သံယောဇဉ်ကို ဘာတွေနဲ့ဖြတ်တောက်မလဲ
မှတ်ကျောက်စွဲမယ့်ဒီအချစ်မျိုးကို
အပြစ်အငြိုးတွေနဲ့
ဖြတ်တောက်မလား

ဘယ်လိုနှုန်းထားတွေနဲ့ဖြတ်တောက်ဖြတ်တောက်
တနွယ်ရစ်ခဲ့တဲ့သံယောဇဉ်က
တကယ်ချစ်ခဲ့တာမို့
ချစ်သူ...ဒို့ကို
အမုန်းမပွားသင့်ပါဘူး........။
1.21.14.7(B)

*အမုန်းမြှား*




ချစ်သူ....နှလုံးသားတည့်တည့်
အမုန်းမြှားတစ်စင်းနဲ့
ပစ်လွတ်လိုက်တာလား...?
နာကျင်အောင်စိုက်ဝင်ခဲ့တော့
ဒဏ်ရာဟာ...ပျောက်မယ်မထင်တော့ပါဘူး

သို့သော်လည်း...ချစ်သူ
အသဲစွဲအောင်ချစ်ခဲ့တာမို့
နာကျင်အောင်စိုက်ဝင်ခဲ့ပါစေ....
အမုန်းနဲ့ပစ်ခွင်းတဲ့မြှား
မတားတော့ပါဘူး

တကယ်လို့သာ....ချစ်သူသာပျော်မယ်ဆိုရင်
ဒီနှလုံးသား စုတ်ပြတ်ပါစေ..
အမုန်းမြှားကို ရင်မှာစိုက်ပြီး
သောကအိမ်ငယ်ထဲမှာ
အလွမ်းတွေပြည့်လျှံစွာဖြင့်
နှလုံးသားဒဏ်ရာ သက်သာစေဖို့
အကြိမ်ကြိမ်ဆုတောင်း
ငယ်ချစ်ဟောင်းကို
အမြဲတမ်းတ
လွမ်းနေအုံးမှာပါ.....ချစ်သူ။
1.21.14.7(b)

အနာဂတ်တစ်ခုသို့ တမ်းခြင်း


ငါတို့ အကြိမ်များစွာ တွေ့ခဲ့ကြပေမယ့်

တစ်ခါမှ တကယ်မတွေ့ခဲ့ကြဘူး

မင်းက အပြင်လား

ငါက အတွင်းလား

ကာခြားထားတဲ့တံတိုင်းတွေနဲ့

ပစ္စုပ္ပန်က ယောင်ကိုင်းလာခဲ့

အရှေ့ခြေလှမ်း

အနောက်မျက်နှာမူ

တွေတွေဝေေ၀ ရှုပ်ရှုပ်ထွေးထွေး

ကုန်သွားတဲ့အတိတ်တွေက

ဗလာဟင်းလင်း ကျင်းလို့

တွေးရင်းတွေးရင် အတွေးကွန်ယက်ထဲ ၀ဲနေသလို

ကြည့်ရင်းကြည့်ရင် သူ့အကြည့်တွေထဲက

ရုန်းမထွက်နိုင်တော့တာပါ

ကြာလေကြာလေ

နှလုံးသားက သူ့ဆံနွယ်တွေလို

ပျော့ပြောင်းနူးညံ့လာခဲ့

ပြောရမယ်ဆိုရင်တော့

ဘာအနာဂတ်သစ်မှ

မတောင်းဆိုချင်တော့ဘူး။

တစ်သက်တာအလွမ်း



လွမ်းလို့မဆုံး
လွမ်းနေတုန်းမှာ
အလွမ်းတွေပြည့်လျှံ
အလွမ်းဒဏ်တွေရိုက်ခတ်
လွမ်းတဲ့ညတိုင်း
အလွမ်းသီချင်း
လွမ်းစာရေးရင်း
အလွမ်းအိမ်မက်
လွမ်းလို့မက်ပြီး
အလွမ်းတစ်သက်တာ
လွမ်းကမ္ဘာမှာ
ငါ့အတွက်တော့
လွမ်းရင်းလွမ်းရင်း
လွမ်းနေရအုံးမှာပါ။

Thursday, June 3, 2010

ဖြေသိမ့်လိုက်

ချစ်သူက လူကိုမျက်ရည်ကျစေတယ်
သူငယ်ချင်းက အဲဒီကျတဲ့မျက်ရည်ကို
သုတ်ပေးတဲ့သူ ဖြစ်တယ်။



ဒါကြောင့် ကျွန်မဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတော်တော်များများကို သူငယ်ချင်းတွေအတွက် ပေးဆပ်ခဲ့ပါတယ်။ အဲဒီအချိန်တွေဟာ ကျွန်မဘ၀ရဲ့ ကျေနပ်နှစ်သက်စရာအကောင်းဆုံး ကာလတွေပါပဲ။ ခုချိန်မှာတော့ သူငယ်ချင်းတွေကို အဝေးတစ်နေရာကနေ မှန်းဆတမ်းတနေရရုံနဲ့ပဲ ကျေနပ်နေရပါတော့တယ်ရှင်။ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန်မှာ သူတို့တွေရဲ့ တန်ဖိုးကို သိတတ်နားလည်နိုင်ကြပါစေ။

Wednesday, June 2, 2010

အဲဒီအဖြစ်အပျက်များ


ကိုယ့်မျက်နှာကို လူမြင်မှာစိုးတာနဲ့

ရေချိုးခန်းထဲ ၀င်ငိုခဲ့

ရှိုက်ကြီးတငင်။

ငိုသံကို အပြင်လူကြားမှာ စိုးတာနဲ့

ရေပိုက်ခေါင်းကို ကိုယ်ဖွင့်ခဲ့။

ပါးပြင်မှာ ပူနွေးနွေး

ရေသံမှာ တစ်စက်ကလေး

ခံစားချက်မရှိဘူး။

လူဖြစ်လျှက်နဲ့လုံးလုံး

အဆုံးအရှုံးကြီးခဲ့ပါတယ် ဘ၀ရယ်

ကိုယ်မမြင်ရတဲ့ တောင်စွယ်မှာ

နှင်းတွေ ဝေတုန်းမို့လား။

မိုဃ်းဇော်

မင်းသိမှာပေါ့

A:"ပော့ ဂျွန်. မင်း ဘုရားသခင်ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့
ဘာသာရေးသင်တန်းကို လာရင်သူ့ကို သိမှာပေါ့"

B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေညတိုင်းဖွင့်တဲ့
ဘာသာရေးသင်တန်းကို မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ်
ကိုသိမှာပေါ့"
note! forward mail မှကူးယူဖော်ပြပါသည်။

မင်းကြောင့်

လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသဘော်သားများအား
ပောာပြောပွဲလုပ်သည်
လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ
မင်းသား မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး သဘော်သားများက
တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်

ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ
အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး"

ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ
တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…

ကယ်တင်ရှင်

ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏
နေ့စဉ်မှတ်တမ်းတွင်အောက်ပါအတိုင်းရေးထားသည်

ပထမနေ့…အပျံစားသဘော်ဖြစ်သည်။

သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်

ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။

တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။

စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။

ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။

စဉ်းစားပါဦး

သူမ "ငါနိုင်ငံခြားသွားမလို့ "

သူငယ်ချင်း " ဘာလုပ်ဖို့ "

သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "

သူငယ်ချင်း " အတော်ကုန်မှာပဲနော်"

သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "

သူငယ်ချင်း " နှမြောစရာကြီးဟယ်"

သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"

သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်

မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"

မှန်လိုက်လေ

လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"

အမေတာဝန်ယူတယ်

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "

သတင်းသုံးခု

ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

နောင်တ

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို
ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ
့မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း
ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ်
သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

အမလေး ရှင်မပြန်သေးဘူးလား?

အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ.ရဲ. small လေး ဆီကို
အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်း

Small လေး - "ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ
ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ"
အမျိုးသား - "ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ
အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ.
ဝေးပြီ။"
Small လေး - "တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်."

Small လေး ရဲ. အချွဲကောင်းမူကြောင်. ထိုအမျိုးသားလဲ သူ.ရဲ. ပသိုင်းမွေး
ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ခုတင်ပေါ်ကို
တိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီး
လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေး

ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်"

ယောင်္ကျားရေ မိန်းမခေါင်းကိုက်လိုက်တာ

ရဲ ၀န်ထမ်း တယောက် သည် တပတ်လုံး ညဆိုင်း တာဝန်ကျ နေရာ က တရက်မှာ
သူအလုပ်စော ပြီး တာနဲ. အိမ်ကို စောစောပြန်လာ ပါတယ်။ မနက် ၂
နာရီခါတိုင်းထက် ၄နာရီ စောပြီး ပြန်လာပါတယ်။
ရဲဝန်ထမ်း ဟာ သူ.မိန်းမ အိပ်နေတာ အိပ်ရေးပျက်မှာ
ဆိုးသည်နှင်.မီးမဖွင်.အမှောင်ထဲမှာ တင် ယူနီဖောင်း အင်္ကျီ ကို
ချွတ်ချလိုက်ပြီး
ကိုယ်လုံး ဗလာဖြင်. ခုတင်ပေါ် တက်လိုက်ပါတယ်။ဒီအခါမှာ သူ.မိန်းမ က ကယောင်းကတန်းနှင်.

မိန်းမ - "ယောင်္ကျား ရေ ဒီမှာ ခေါင်းကိုက်လိုသေတော.မယ် ။ ဟို ၂၄
နာရီဆေးဆိုင်က ခေါင်းကိုက်ပျောက်ဆေးလေး သွားဝယ်ပေးပါလား ဟင်"
ရဲဝန်ထမ်း - "၀ယ်ပေးရမှာပေါ. မိန်းမရယ်၊ ခဏလေးစောင်.နော်"
လို. ဆိုပြီး ကမန်းကတန်း အင်္ကျီ ကောက်ဝတ်ပြီး ဆေးဆိုင်ကိုသွားပါတော.တယ်။
ဆေးဆိုင်ရောက်တော. အရောင်းဝန်ထမ်းက အံ.သြပြီး
အရောင်းဝန်ထမ်း - "ခင်ဗျား က ဟိုဘက်မြို.နယ် က ရဲမဟုတ်လား"
ရဲဝန်ထမ်း - "ဟုတ်တယ်လေ ဘာလို.လဲ"
အရောင်းဝန်ထမ်း - "ဒါဆို ခင်ဗျား ဘာလို. မီးသတ်သမား ၀တ်စုံကြီး ၀တ်ထားရတာလဲ"
ရဲဝန်ထမ်း - "ဟေ"

မယားဓါတ်ပုံ

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ.တိုင်း
ရုံးတက်တဲ.အိတ်ထဲထည်.ထည်.ထားတယ်။ ဘာလို.လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ. အခက်ခဲ ကြုံရ ပါစေ
မင်းဓါတ်ပုံကိုကြည်.လိုက်တာနဲ. အားလုံးကို ကျော်လွားနိုင်ခဲ.တယ်။
မယား - ကြည်.စမ်း၊ ကျွန်မ ဟာ ရှင်.အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နော်။
လင် - ဟုတ်ပါ.၊ မင်းဓါတ်ပုံကို ကြည်.ပြီး ငါ.ကိုယ်ငါ ပြန်မေးကြည်.တယ်
"ဒီထက်ဆိုးတဲ. အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို့ ။

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်”
မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း
ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့
လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘဝ
အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ
နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး
လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။


Show/Hide

Tuesday, June 1, 2010

ကိုယ်သန့်သူနဲ့ စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။
သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း
ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး
ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို
ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ
နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင်
အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။
Show/Hide

အတွေးပွားနိုင်ကြပါစေ။

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး
တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။

ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့
လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့
တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။


ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက်
ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို
ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို
သတိမမူလိုက်မိတော့ဘူး။



Show/Hide

Monday, May 31, 2010

* မျှော်လင့်သူ *



နှလုံးသားရဲ့ ပလ္လင်ပေါ်က
အလှဘုရင် ရှင်သခင်ရယ်
မေတ္တာစစ်ကို အရင်းပြုလို့
နှလုံးသားတစ်စုံ လှူလိုက်ပါရစေ..

ပြစ်ပါယ်ပြုတဲ့အနေနဲ့
အပြစ်ရှိသူ နှလုံးသားကိုတော့
လျစ်လျူမရှူသင့်ပါဘူးနော်....

အခြေအနေမတူလို့ ဝေးခဲ့ကြပေမယ့်
မေ့ဖျောက်လို့ မရတဲ့မမြင်နိုင်တဲ့
သံယောဇဉ်တွေက နွယ်ဖြစ်ကာရစ်တွယ်နေတော့
အမြစ်တွယ်တဲ့ နှလုံးသားက
မ၀ံ့မရဲ ပြောပြောနေရဲ့
ချစ်တယ်ချစ်တယ် ဆိုတဲ့စကားတွေပါပဲ....

ချစ်သူ.....
ချစ်တတ်အောင် သင်ပေးခဲ့ပေမယ့်
မချစ်တတ်တဲ့ မင်းရဲ့ နှလုံးသားကိုတော့
အပြစ်မမြင်ပါဘူး.........
သက်မဲ့ဖြစ်တဲ့ ကမ္ဘာကြီးတောင်
နှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်းသေးတာပဲ
သက်ရှိဖြစ်တဲ့မင်းမှာလည်း
လွဲချော်တတ်တဲ့အချစ်တွေ
ဖန်းတီးတတ်တာ မဆန်းပါဘူး.......

တကယ်တော့ မရနိုင်တော့တဲ့
အချစ်တွေကို မျှော်လင့်ရင်းနဲ့
တစ်ဘ၀တာပျော်ရွှင်စေဖို့
ခဏတာပြုံးပြရင်တောင်မှ
ငါ့အတွက်တော့ ကျေနပ်ပါတယ်

ဒါပေမဲ့..... ရင်ခွင်မှာတော့
မသိမသာ လွမ်းရင်းနဲ့
မျက်ရည်တွေကြွေကျနေတာ
ရက်ပေါင်းမနည်းတော့ဘူး.....ချစ်သူ

Sunday, May 30, 2010

ကံကောင်းခြင်းလက်ဆောင်များ

တရုတ်လူမျိုးတို့ ၏ ကံကောင်းစေသောအကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။
သင်ယုံချင်မှ ယုံပါလိမ့်မည်။
သို့ သော် ယင်းတို့ သည် တကယ်ကံကောင်းစေသော အကြံပေးချက်များဖြစ်သည်။
အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။


၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။

၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။


Show/Hide

ချစ်သောသူငယ်ချင်းများအတွက်

သူငယ်ချင်းတွေနဲ့အတူရှိနေချိန်
ဟာ အိပ်မက်တစ်ခုဆိုရင်
ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး

သူငယ်ချင်း..........မင်းအားငယ် နေလား..........

အားတင်းထားပါ..

ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို

မင်းမျိုးဖြုတ်ပစ်နိုင်ပါတယ် ။
++++++++++++++++++++++++++++++ ++++++++

Show/Hide

Saturday, May 29, 2010

*လွမ်းခွင့် ပေးပါ*

မိုးဆောင်းနွေ သက္ကရာဇ်တွေဆိုတဲ့
ကာလတွေအောက်မှာ ငါ့အချစ်တွေ
စတေးပြစ်ရတော့မှာလား
တစ်ချိန်တုန်းက ပြောခဲ့ဖူးတဲ့
ကမ္ဘာပျက်တောင် မမုန်းဘူး
သံသရာအဆက်မှာတောင်
မမေ့ဘူးဆိုပြီး ပြောခဲ့ပေမယ့်

အခုတော့------ ခဏတာ
ဝေးကွာခြင်းအောက်မှာ
သစ္စာတံတိုင်းတွေ အပိုင်းပိုင်းဖြတ်
အထပ်ထပ်ရစ်ထားတဲ့
သံယောဇဉ်နှောင်ကြိုး
မင်းဖြတ်ခဲ့ပြီပေါ့----------

ချစ်သူ........
ဆုံနိုင်ခွင့်ကိုတောင်းတနေရင်း
ရုတ်တရက် ကြုံလိုက်ရတာ
အပြုံအတုနဲ့ အမုန်းထုဆိုတဲ့
ရိုက်ချက်ပျင်းပျင်း
ဒီရင်မှာကြေမွခဲ့ပါပြီ.....

ဒါပေမယ့်------ကျေနပ်ပါတယ်
ရင်ထဲမှာမင်းကိုအခုထိ
ချစ်နေခဲ့လို့ပေါ့ ..........

ချစ်သူ.....
မကြားနိုင်တော့တဲ့ညတိုင်းမှာ
ငိုချခဲ့တဲ့ ရှိုက်သံတစ်ချက်
မျက်ရည်တစ်စက်နဲ့
ငါ...အယူခံမ၀င်တော့ပါဘူး
သခင်ကိုမှ ချစ်နေမိတော့
ချစ်နေခွင့် သက်သက်နဲ့
အချစ်ကျွန်တစ်ယောက်ရဲ့
အထီးကျန် ဘ၀ကို လျှောက်လှမ်းဖို့

ချစ်သူရယ်......
လွမ်းခွင့်လေးတော့ ပေးခဲ့ပါ.......နော်။

Friday, May 28, 2010

အသဲခွဲ သူရေ.....!

ဒီရင်ထဲက ခံစားချက်တွေ
သံစဉ်ညှိလို့ သီချင်းတစ်ပုဒ်
ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ဒီအသဲကို တစ်ယောက်ပြောင်းလို့
အချစ်ကောင်းကောင်းဖြစ်မလာနိုင်တော့ဘူး

ချစ်သူ......ခူးခြွေဖို့မဟုတ်ပဲ
အလှကြည့်သက်သက်နဲ့
ဆူးဆူးနစ်နစ် ချစ်ခဲ့မိလို့
အရှုံးသမား ငါခွင့်လွှတ်ခြင်းတွေနဲ့
နှလုံးသားတစ်နေရာကို
ပေးဆပ်ခဲ့တာပါ.....

ဒါပေမယ့်-----အသဲခွဲလေသူကိုမှ
အချစ်သခင်တင်မြှောက်ခဲ့တော့
သခင့်အလိုကျ အသက်ခန္ဓာ
ထပ်ခါရင်းလို့ အသဲတစ်နေရာ
ပေးလှူပြီးပြီပဲမို့ ....
ဖဲ့ချင်ဖဲ့ ခြွေချင်ခြွေ
စားချင်စား မင်းအလိုကို
ဖြည့်ဆည်းနေရင်း
အပါယ်ခံ အတွက်တော့
အသဲဒဏ်ရာဟာ......မပြောပလောက်ပါဘူး

အချစ်ကိုမှ ရိုးသားစွာ ကိုးကွယ်ခဲ့တာမို့
အသဲခွဲလေသူ မာယာရှင်ကို
မနာကျင်ဘူးဆိုတာ
ကျရှုံးသူ ငါ့အတွက်တော့
ကမ္ဘာဆုံးတိုင် ကြေမွနေတဲ့
အသဲအပိုင်းအစလက်ကျန်တွေနဲ့
အသက်ဆုံးတိုင်ချစ်နေလို့ပါပဲ

အခုတော့-----အသဲကိုမှထိုးကျွေးခဲ့တော့
ငါ့မှာ.....အသက်ငွေ့ငွေ့ပဲကျန်တော့တယ်......
အသဲခွဲသူရေ....

စေတနာဟူသည် လူတိုင်းနှင့် တန်ပါသည်။

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အလွန်ပင် စေတနာ ဖြူစင်စွာဖြင့် ပြုမူပြောဆို နေထိုင်သည်ကို တွေ့ရဖူးပါသည်။ သူသည် အရာရာကို စေတနာ အပြည့်ဖြင့် ရှုမြင်သုံးသပ် လုပ်ကိုင်ပြောဆိုလေ့ ရှိသူတစ်ဦးဖြစ်သည်။
သူ့ဆီမှာ အကြောင်းတစ်ခုခုရှိ၍ သွားရောက်တွေ့ဆုံလျှင် အယုတ်အလတ် အမြတ်မရွေး စိတ်ကျေနပ်စွာ ပြန်ခဲ့ကြရသည်ချည်း ဖြစ်ပါသည်။ နံနက်မိုးလင်း မျက်နှာသစ်ပြီးသည်နှင့် သူသည် ဘုရားရှိခိုး၊ ပရိတ်ကြီးတစ် ဆယ့်တစ်သုတ်ကို ရွတ်၍မေတ္တာပို့ ခြင်းပြုသည်။ သူ၏မေတ္တာပို့ပုံက အများသူငါ မေတ္တာပို့ပုံမျိုး မဟုတ်ပါ။ သူ့အထက်ရှိ အဆင့်ဆင့်သော ပုဂ္ဂိုလ်တွေ၊ သူ့မိတ်ဆွေတွေ၊ သူ့လုပ်ဖော် ကိုင်ဖက်တွေအားလုံးကို တစ်ဦးချင်း အမည်တွေကို ရွတ်ဆို၍ မေတ္တာပို့သည်။ ရုံးမတက်မီအိမ်သို့ လာရောက်သမျှ ဧည့်သည်တွေကိုသူ့ Break Fast များဖြင့် ဧည့်ဝတ်ပြုသည်။ လာ၍ပေးသော လက်ဆောင်တွေကို ဘုန်းကြီးကျောင်းသို့ ကာယကံရှင်ကိုယ်တိုင် သွားရောက်လှူဒါန်းစေသည်။

Show/Hide

Wednesday, May 26, 2010

သေရွာသွားမယ့် PASSPOST

ချစ်သူ....မရေရာတဲ့ကြင်နာမှုတွေနဲ့
ရင်ခုန်မှုတွေ အထမြှောက်အောင်
တစ်ချက်သော ဆွဲဆောင်မှုနဲ့
တစ်သက်လုံး သိမ်းသွင်းလိုက်တာလား
နှလုံးသားအနေခက်အောင်တော့
ဆိုးဆိုးရွားရွားကြီး မလုပ်လိုက်ပါနဲ့
ရိုးရိုးသားသား ချစ်ခဲ့လို့ပါ...........

ချစ်သူ......မုန်းဖို့အစဉ် ကြိုးစားတိုင်းလဲ
ရုန်းလို့ ပင်မရတဲ့နှောင်ကြိုးက
တိုးလို့ ပင်ရစ်တွယ်နေတော့
ရှုံးဖို့ အစဉ်ဖြစ်လာရပြီပေါ့.....
ဒို့--------ရှုံးနိုင်ပါတယ်
ဒို့--------မမုန်းနိုင်ဘူးနော်.......

ချစ်သူရယ်.......
မာယာတွေနဲ့ မပြုစားလိုက်ပါနဲ့
ကုစားဖို့ ဆေးမရှိလို့
မုသားနဲ့ပဲ ပြောပြောပေးပါ
ချစ်တယ် ချစ်တယ်လို့!
ကြားချင်နေတယ် ဒါပေမယ့်
မ၀ံ့မရဲ ရင်ထဲကပြောလိုက်တယ်
အဟုတ်လားတဲ့!

ဖြစ်ပါစေ......
ချစ်တာတွေတကယ်ဖြစ်မယ်ဆိုရင်တော့
လစ်ဟာနေ နှလုံးသားကို အဆိပ်သွင်းလို့
သေမင်းကိုအကြောင်းကြားပြီး
သေဖို့ကြိုးစားလိုက်မယ်နော်........

ပျော်မှာပါ ငါဈာပနမှာ
မင်းမျက်ရည်ကျခဲ့ရင်ပေါ့......
ဆုတောင်းလိုက်မယ် နှောင်သံသရာမှာ
ငါပဲချစ်ရပါစေတော့
ကဲ.....ငါပဲရုးရပါစေတော့------